• ဒီဂီယာကို ချစ်ပေမယ့် အိုနာနာကို တောင့်တနေကြပြီဖြစ်တဲ့ ယူနိုက်တက်ပရိသတ်များ

အိုနာနာက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုံစံကောင်းပြသခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြသခဲ့တဲ့ အင်တာမီလန်ဂိုးသမား အိုနာနာရဲ့ စွမ်းဆောင်ရည်အပေါ် တော်တော်လေး သဘောကျနေကြပြီး ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ဗိုလ်လုပွဲမှာ အင်တာမီလန်တို့ မန်စီးတီးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် အိုနာနာက အထင်ကြီးစရာ ပုံစံမျိုးကို ပြသနိုင်ခဲ့ပါတယ်။

image

မန်စီးတီးအနေနဲ့လည်း အင်တာမီလန်ရဲ့ တုံ့ပြန်မှုကြောင့် ဒီပွဲမှာ ကစားရခက်ခဲ့ပြီး အင်တာမီလန်ရဲ့ အပိုင်အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့တာကြောင့်လည်း ကံကောင်းခဲ့ရပါတယ်။ ဒီပွဲမှာ အိုနာနာက အင်တာမီလန်ရဲ့ ကစားကွက်တည်ဆောက်မှုမှာ အကောင်းဆုံးပါဝင်နိုင်ခဲ့ပြီး မန်စီးတီးတိုက်စစ်ကစားသမားတွေရဲ့ ဖိအားပေးမှုကို အကောင်းဆုံး ဖောက်ထွက်နိုင်မယ့် ပေးပို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။


အိုနာနာကြောင့်လည်း မန်စီးတီးရဲ့ ဖိအားပေးကစားဟန်က အတိုင်းအတာတစ်ခုအထိ ပျက်ယွင်းခဲ့ရပြီး ယူနိုက်တက်ပရိသတ်တွေကတော့ တန်ဟက်ခ်ရဲ့ တပည့်ဟောင်း၊ အေဂျက်စ်ဂိုးသမားဟောင်းဖြစ်တဲ့ အိုနာနာကို ချီးကျူးနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “မန်စီးတီးကစားသမားတွေအနေနဲ့ ဖိအားပေးတဲ့အချိန်မှာ အိုနာနာကြောင့် သတိကြီးကြီးထားခဲ့ရပါတယ်။ အိုနာနာဆီ ဘောလုံးရောက်သွားရင် သူတို့ ဘောလုံးပြန်မရနိုင်တာကို သိထားကြလို့ပါ”

“ငါ ဒီဂီယာကို ချစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အိုနာနာ ကစားတာကို ကြည့်ပြီးတဲ့နောက် ငါတို့က ဆယ်ယောက်တည်းနဲ့ ကစားနေရပြီး အင်တာမီလန်ကတော့ (၁၁) ယောက် ကစားနေရတာကို သိလိုက်ပါတယ်” “သူက ဘောလုံးမရှိချိန်မှာရော၊ ကိုင်ထားချိန်မှာပါ ယုံကြည်ချက်အပြည့်ပါ။ ညွှန်ကြားမှုတွေကလည်း ကောင်းမွန်ပြီး သူ့ရဲ့ ဘောလုံးအနီးအဝေး ဖြန့်ဝေမှုတွေကလည်း တကယ်ကို ကောင်းပါတယ်” လို့ အသီးသီး မှတ်ချက်ပေးခဲ့ကြပါတယ်။

အိုနာနာကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်ကနေ ထွက်ခွာဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ကစားသမားတစ်ဦးပါ။ သူ့ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးက စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေပြီး ယူနိုက်တက်ကလည်း ဂိုးသမားသစ်ရှာဖွေနေတာ၊ တန်ဟက်ခ်ရဲ့ တပည့်ဟောင်းဖြစ်တာတွေကြောင့် အိုနာနာအတွက် ကြိုးပမ်းမှုမှာ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က