ဒီနေ့ခေတ်မှာ လူငယ်စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့အောင်မြင်ဖို့ အခွင့်အလမ်းတွေအများကြီးရှိနေသလို၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်းအများကြီးပါပဲ။ အထူးသဖြင့်မြန်မာနိုင်ငံလို ဒီဂျစ်တယ်ခေတ်ကို တစ်ဆင့်ချင်းမဟုတ်ဘဲ ရုတ်တရက် ခုန်ပျံကျော်လွှားရောက်ရှိရတဲ့နိုင်ငံမျိုးမှာ လူငယ်တွေအနေနဲ့ကြိုမမြင်နိုင်တဲ့ အပြောင်းအလဲတွေကြားမှာ အောင်မြင်မှုရဖို့ကြိုးစားရတာတကယ့်ကို မလွယ်ကူလှပါဘူး။
လူငယ်တွေအနေနဲ့ အောင်မြင်မှုလမ်းစကိုရှာဖွေကြတဲ့နေရာမှာ ဒီဂျစ်တယ်ခေတ်ဖြစ်တာနဲ့အညီ ဒီဂျစ်တယ်အသုံးအဆောင်ပစ္စည်းတွေ၊ နည်းလမ်းတွေကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် အောင်မြင်မှုရဖို့အတွက်အခွင့်အရေးကောင်းတွေကိုပိုပြီးပိုင်ဆိုင် နိုင်ကြမှာပါ။
အမေရိကန်နိုင်ငံ MIT တက္ကသိုလ်ကပါမောက္ခကြီးတစ်ယောက်က " သာမန်လူတွေကို သင့်လျော်မှန်ကန်တဲ့ပစ္စည်းကိရိယာတွေ သာပေးလိုက်ပါ။သူတို့က ထူးခြားပြောင်မြောက်တာတွေလုပ်ဆောင်ပြပါလိမ့်မယ် " လို့ပြောဖူးပါတယ်။ ဒါကြောင့် လူငယ်စွန့်ဦးတီထွင်သူတွေအနေနဲ့ ဒီဂျစ်တယ်ခေတ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိမယ့် မှန်ကန်ပြီးစွမ်းဆောင်ရည်ပြည့်ဝတဲ့ ပစ္စည်းတွေကိုသာအသုံးပြုမယ်ဆိုရင် အောင်မြင်မှုတွေတစ်ဆင့်ပြီးတစ်ဆင့်ဆွတ်ခူးနိုင်မှာပဲ ဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ်တွေအတွက် သတင်းကောင်းတစ်ခုကတော့ သြဂုတ်လ၊ ၉ ရက်နေ့မှာ ဆမ်ဆောင်းကနေပြီး လူငယ်တွေသူတို့ရဲ့ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်နိုင်စေဖို့ သူတို့ရဲ့စွမ်းဆောင်ရည်တွေကို အမြင့်ဆုံးစွမ်းဆောင်နိုင်အောင်ကူညီပေးမယ့် မျိုးဆက်သစ်စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားဖို့ရှိနေတာပါပဲ။
စီးပွားရေးလုပ်ငန်းတစ်ခုကိုဦးဆောင်နေတဲ့သူပဲဖြစ်ဖြစ်၊ ဘလော့ဂါ၊ လူမှုကူညီရေးတက်ကြွလှုပ်ရှားသူ၊ ဒါမှမဟုတ်ရင်လည်း အနုပညာရှင်နဲ့ ခရီးသွားဘလော့ဂါ...စသည်ဖြင့်ဘယ်လိုအလုပ်မျိုးကိုပဲလုပ်ကိုင်နေပါစေ စွမ်းဆောင်ရည်ပြည့်ဝပြီး ကိုယ့်ရဲ့အလုပ်ကိုအကောင်းဆုံးအထောက်အကူပြုမယ့် အသုံးအဆောင်ပစ္စည်းတွေကိုလိုအပ်မှာပါ။
ဆမ်ဆောင်းကအသစ်မိတ်ဆက်မယ့် စမတ်ဖုန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုမသိရသေးပေမယ့် လူငယ်တွေသူတို့ရဲ့အခွင့်အရေးတွေကို အမိအရဖမ်းဆုပ်နိုင်စေမယ့် အချက် ၃ ချက်နဲ့ပြည့်စုံနေမယ်ဆိုတာကတော့ ရာနှုန်းပြည့်သေချာနေပါတယ်။ အဲဒီအချက်တွေကတော့ -
၁။ ကြာရှည်ခံပြီး စိတ်ချရတဲ့ ဘက်ထရီ
ကိုယ့်ဆီကိုအခွင့်အရေးကောင်းတွေသယ်ဆောင်လာမယ့် အဆက်အသွယ်တွေနဲ့မလွဲသွားစေဖို့ဆိုရင် ကိုယ့်ရဲ့စမတ်ဖုန်းက တစ်နေကုန်အသင့်ရှိနေရမှာဖြစ်ပြီး ဘက်ထရီကုန်လို့ဖုန်းပိတ်သွားတာမျိုး၊ ဘက်ထရီအားနည်းနေလို့ ဖုန်းခေါ်လို့မရတာ၊ အီးမေးလ်နဲ့အင်တာနက်သုံးလို့မရတာမျိုးတွေဖြစ်နေလို့မရပါဘူး။ ဆမ်ဆောင်းရဲ့စမတ်ဖုန်းအသစ်က ဒီလိုပြဿနာတွေမရှိဘဲ တနေကုန်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို ဘယ်နေရာရောက်နေနေလုပ်ဆောင်နိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။
၂။ ကြီးမားတဲ့သိုလှောင်မှုပမာဏ
အရေးကြီးတဲ့အချက်အလက်တွေနဲ့ အသုံးဝင်တဲ့အက်ပလီကေးရှင်းတွေကိုဖုန်းထဲမှာ သိုလှောင်ထားဖို့၊ အရေးကြီးတဲ့ အစည်းအဝေးတွေမှာ အသံသွင်းမှတ်တမ်းတင်ထားဖို့၊ ဓါတ်ပုံတွေ၊ဗွီဒီယိုတွေရိုက်ကူးထားဖို့ဆိုရင် ဖုန်းရဲ့မှတ်ဉာဏ် သိုလှောင်မှုပမာဏက လုံလုံလောက်လောက်ကြီးမားနေမှဖြစ်မှာပါ။ ဒီလိုမှမဟုတ်ရင် အသစ်တစ်ခုမှတ်တမ်းတင်ခါနီးတိုင်းအဟောင်းတွေကို ပြန်ဖျက်နေရလို့ လိုချင်တဲ့အချိန်မှာအထောက်အထားမှတ်တမ်းတွေမရှိတော့တာမျိုးနဲ့ကြုံရနိုင်ပါတယ်။ ဆမ်ဆောင်းရဲ့ စမတ်ဖုန်းအသစ်မှာ ကြီးမားပြီး လုံလောက်တဲ့မှတ်ဉာဏ်သိုလှောင်မှုပမာဏပါဝင်လာမယ်ဆိုတာလည်း သေချာပါတယ်။
၃။အမြန်နှုန်း
အလုပ်တွေမြန်မြန်ပြီးဖို့ သင့်လက်ထဲကမိုဘိုင်းဖုန်း လျင်လျင်မြန်မြန်အလုပ်လုပ်နိုင်မှ ဖြစ်မှာပါ။ တကယ်လု့ိ ဟန်းနေမယ်၊ စက်က လေးနေမယ်ဆိုရင် ယှဉ်ပြိုင်မှုမြင့်မားတဲ့ဒီဂျစ်တယ်ခေတ်မှာသင်ကသူများတွေထက်ခြေတစ်လှမ်း နောက်ကျနေတော့မှာပါ။ ဆမ်ဆောင်းရဲ့စမတ်ဖုန်းအသစ်က နောက်ဆုံးထွက်ရှိထားတဲ့ စွမ်းဆောင်ရည်မြင့် Processor တွေ ပါဝင်နေတာကြောင့် သင့်စိတ်ထဲကလုပ်ဆောင်တဲ့အတိုင်း အထစ်အငေ့ါမရှိ၊ နှေးကွေးလေးလံခြင်းမရှိဘဲ လိုက်ပါလုပ်ဆောင်နိုင်မှာ အသေအချာပါပဲ။
ဒီအချက်တွေကြောင့် ကြီးမားလေးလံတဲ့လက်ပ်တော့ကွန်ပြူတာတွေနေရာမှာအစားထိုးဝင်ရောက်ပြီး လုပ်ငန်းဆောင်တာတွေပြီးမြောက်အောင် မြင်အောင်ကူညီပေးမယ့် ဆမ်ဆောင်းရဲ့စမတ်ဖုန်းအသစ်ဟာ မျိုးဆက်သစ်လူငယ်တွေအတွက် ခေတ်သစ်ဒီဂျစ်တယ် အသုံးအဆောင်တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။
Share