ခုပြောပြပေးသွားမယ့် ဖိနပ်အမျိုးအစားတွေကတော့ မဒီတို့အတွက် တော်တော်လေးကို အရေးပါပြီး နေရာတော်တော် များများမှာလည်း စီးလို့သင့်တော်တဲ့ ဖိနပ်အမျိုးအစားတွေ ဖြစ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။

ဖက်ရှင်ကိုလေ့လာလိုက်စားတဲ့ ဖက်ရှင်ချစ်သူတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့လိုက်ပြီးတော့သာ တော်ရုံသင့်ရုံဝတ်စားဆင်ယင်တတ်တဲ့ မဒီတွေပဲဖြစ်ဖြစ်၊ အမျိုးသမီးတစ်ယောက်အတွက် အနည်းဆုံး ရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားတွေ ရှိနေပါတယ်။ လူတစ်ယောက်ဟာ ကိုယ်တတ်နိုင်ရင်တတ်နိုင်သလောက်၊ ရူးသွပ်ရင်ရူးသွပ်သလောက် ဖိနပ်အရံပေါင်းများစွာဝယ်ထားလို့ရပေမယ့် ခုပြောပြပေးသွားမယ့် ဖိနပ်အမျိုးအစားတွေကတော့ မဒီတို့အတွက် တော်တော်လေးကို အရေးပါပြီး နေရာတော်တော် များများမှာလည်း စီးလို့သင့်တော်တဲ့ ဖိနပ်အမျိုးအစားတွေ ဖြစ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။

ဖိနပ်အမျိုးအစားက စုစုပေါင်း (၆) မျိုးဖြစ်ပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်မလဲ၊ ဘာ့ကြောင့်မဒီတွေ ပိုင်ဆိုင်သင့်သလဲဆိုတာလေး ကြည့်လိုက်ကြရအောင်။

(၁) Sneakers

ပထမဆုံးအနေနဲ့ ခုနောက်ပိုင်း စကတ်၊dress၊ ဘောင်းဘီတို၊ရှည် ဘယ်အရာနဲ့မဆို တွဲဝတ်နိုင်တဲ့ sneaker တွေကတော့ မရှိမဖြစ် လိုကိုလိုအပ်တဲ့အကြောင်း ပြောချင်ပါတယ်။ ထသွားထလာတင်မက ခရီးသွားမယ် ဆိုရင်လည်း သူက သက်သောင့်သက်သာရှိပြီး အသုံးဝင်တာကြောင့်ပါ။။ ဖျော်ဖြေ ပွဲတွေဆိုရင်လည်း အမိုက်စားဖက်ရှင်နဲ့ တွဲဖက် ဆင်မြန်းနိုင်တာမို့ မဒီတွေပိုင်ဆိုင်သင့်တဲ့ဖိနပ်အမျိုးအစားတွေထဲမှာမှ သူက နံပါတ်တစ်နေရာမှာ ရှိနေရခြင်းပါ။

(၂) Sandals

ဖိနပ်ဒီဇိုင်းတွေက ချစ်စရာကောင်းတဲ့အပြင် ကြိုးသိုင်းတာလေးတွေ၊ ကွင်းထိုးအရှုပ်ပုံစံလေးတွေမို့ ကိုယ့်အင်္ကျီ အဝတ်အစားက ရိုးရှင်းနေရင်တောင် ဖိနပ်နဲ့ကိုယ့်ဖက်ရှင်ကို ပြန်ထိန်းလိုက်လို့ရပါတယ်။ မဒီတို့အတွက် Sandals ဖိနပ်အမျိုးအစားတွေဟာ ဝယ်ပြီးရင် ပစ်ထားရတာမျိုးမရှိတတ်ဘဲ ဆက်တိုက်စီးဖြစ်မယ်ဆိုတာ အာမခံရဲပါတယ်။

(၃) Boots

အရင်တုန်းကဆို Boot ဖိနပ်တွေဆို Dr. Martin လောက်ပဲ မြန်မာနိုင်ငံမှာ အစီးများကြပါတယ်။ နောက်ပိုင်းမှာတော့ boot ဖိနပ်အမျိုးအစားအစုံ၊ Brand အစုံရွေးချယ်ဆင်မြန်းလာကြတာ သတိထား မိပါတယ်။ စျေးသင့်တင့်ပြီး မဒီတွေကို စိတ်ကျေနပ်ပေးနိုင်မယ့် Boot လေးတွေ စျေးကွက်ထဲအပြိုင်အဆိုင် ဝင်လာတာကြောင့် ၂၀၁၇ လောက်ကစပြီး Ankle bootလေးတွေ တော်တော်စီးလာကြပါတယ်။ Boot ဖိနပ်တွေကလည်း စီးလိုက်ရင် သက်သောင့်သက်သာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေတာမို့ မဒီတွေအနေနဲ့ ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားတစ်ခုပါ။

(၄) Classic Pumps

ပွဲတက်တွေ၊ ဒင်နာပါတီ နဲ့ ပွဲအခမ်းအနား တက်တတ်တဲ့ သူဆိုရင်တော့ Pump ဖိနပ်လို ဒေါက်မြင့်မြင့်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဖိနပ်မျိုး ပိုင်ဆိုင်ထားသင့်ပါတယ်။ မဒီတို့အနေနဲ့က အမြဲတမ်း ညှပ်ဖိနပ်တွေ၊ ကွင်းထိုးတွေပဲ စီးဖြစ်တယ်ဆိုရင်တောင် ပွဲအခမ်းအနားဆိုရင်တော့ ဒေါက်ဖိနပ်ကလေးတစ်ရံက လိုကိုလိုအပ်နေမှာပါ။ pump မှာလည်း ဒေါက်အနိမ့်အမြင့်နဲ့ ဒေါက်ပုံစံအလိုက် အမျိုး အစားလေးတွေ အစုံရှိတာမို့ ကိုယ်စီးနိုင်တဲ့အမြင့်ကို ရွေးဖို့တော့ လိုပါတယ်။

(၅) Flat shoes

ကိုယ့်စီးထားတဲ့ ဖိနပ်လေးက ခြေထောက်လေးထိုးစွပ်လိုက်ရုံပဲနဲ့ ပြီးပြည့်စုံသွားတယ်လို့ ခံစားမှုပေးနိုင်မယ့် ဖိနပ်အမျိုးအစားကတော့ ဒေါက်မပါတဲ့ Flat Shoe လေးတွေပေါ့။ သူက ပေါ့ပေါးပြီး လွတ်လပ်မှုလည်း အပြည့်အဝပေးနိုင်တာကြောင့် ခုနောက်ပိုင်း Flat Shoe တွေကို ပွဲအခမ်းအနားတွေထိ ရွေးချယ်ဆင်မြန်းလာကြပြီလေ။

(၆) Slide and Flip Flops



ထသွားထလာအတွက် အပေါ့ပါးဆုံးဖိနပ်တွေကတော့ ကွင်းထိုးဖိနပ်နဲ့ ခြေညှပ်ဖိနပ်တွေပဲပေါ့။ ဒီနားဟိုနား အာရုံမစားချင်ဘူးဆိုရင် ဒီဖိနပ်လေးတွေက အသင့်တော်ဆုံးပါ။ ကမ်းခြေသွားမယ်၊ ပုဂံလိုနေရာမျိုး သွားမယ်ဆိုရင်လည်း သူတို့က အသုံးဝင်တယ်နော်။ ဖိနပ်စင်မှာ ဒီဖိနပ်လေးတွေကလည်း မရှိမဖြစ်ပါပဲ။

ခုပြောပြပေးသွားတဲ့ ဖိနပ်အမျိုးအစားတွေထဲ မဒီတို့ဆီမှာ ဘယ်ဖိနပ်အမျိုးအစားရှိနေပြီလဲ။ မရှိသေးဘူးထင်တဲ့ ဖိနပ်အမျိုအစားလေးတွေကိုလည်း ထပ်ဖြည့်ထားဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ ဒီဖိနပ်လေးတွေက မဒီတို့ရဲ့ ဖက်ရှင်အတွက် တစ်နည်းမဟုတ်တစ်နည်း ပံ့ပိုးပေးနိုင်တယ်ဆိုတာ သေချာအာမခံရတာမို့ပါပဲ။

Share

Loading Next Article...
က္က