• ဒီညပွဲမတိုင်ခင် လီဝန်ဒေါစကီးအပါအဝင် ဘိုင်ယန်ကစားသမားတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံရ

ဘိုင်ယန်မြူးနစ် ကစားသမားတွေကို နာမည်တပ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့တာပါ။

ဒီကနေ့ညမှာ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်အဖြစ် ဆဲလ်ဘာ့ဂ်ကို အဝေးကွင်းမှာ ပထမအကျော့အဖြစ် သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမတိုင်ခင်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ကစားသမားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေရှိနေပါတယ်။

 
image

ဒါကတော့ ဘိုင်ယန်မြူးနစ်ရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ နူအာတို့ကို နာမည်တပ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့စာ လက်ခံရရှိခဲ့တာကြောင့်ပါ။ ဖြစ်စဥ်အတိအကျကတော့ ဘိုင်ယန်မြူးနစ် ကစားသမားသုံးယောက်ဖြစ်တဲ့ လီဝန်ဒေါစကီး၊ နူအာနဲ့ နာဘရီတို့ကို ပစ်မှတ်ထား အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ စာတစောင်က ဂျာမန်ဒုတိယတန်းကလပ် စိန့်ပေါ်လီထံ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 
image

ဒီစာကို ဘယ်သူက၊ ဘယ်အဖွဲ့အစည်းက ပေးပို့လဲဆိုတာကိုတော့ လက်ရှိအချိန်အထိ စုံစမ်းနေကြဆဲဖြစ်ပါတယ်။ ဒီစာထဲမှာ “ဂျာမန်ဘွန်ဒက်စ်လီဂါကို ကယ်တင်ပါ။ ဘောလုံးအားကစားလောကကို ကယ်တင်ပါ။ ဘိုင်ယန်က ညစ်ပတ်တဲ့ဝက်တွေကို သတ်ပစ်ကြပါ” လို့ ရေးသားထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ကျနော်တို့ ဒီခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးနေကြပါတယ်”

 

“ဒါက ပြည်သူတွေရဲ့ အေးချမ်းမှုကို ခြိမ်းခြောက်နှောင့်ယှက်တဲ့ ရာဇဝတ်မှုမြောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ စိန့်ပေါ်လီဟာ ဒီစာကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၂) တည်းက လက်ခံရရှိထားတယ်လို့ သိရပြီး ဘိုင်ယန်မြူးနစ်ဘက်ကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးထားပါဘူး။

 

ဒီကနေ့ည ကစားမယ့် ဆဲလ်ဘာ့ဂ်နဲ့ပွဲမှာ ဒဏ်ရာရရှိနေတဲ့ နူအာကလွဲရင် ကျန်တဲ့ ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ဖွယ်ရှိပါတယ်။ ဒီလိုမျိုး ခြိမ်းခြောက်ခံရတဲ့ ကစားသမားတွေထဲက တယောက်ဖြစ်တဲ့ နာဘရီ၊ နောက်ခံလူ ယူပါမီကာနိုတို့နဲ့အတူ နည်းပြ နာဂျယ်လ်စမန်းက လေ့ကျင့်ရေးအစီအစဥ်မှာ သီးသန့်စကားပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က