မန်ချက်စတာယူနိုက်တက်-လီဗာပူးပွဲစဉ်အတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်အချို့ချမှတ်ခဲ့ခြင်းကြောင့် မာတင်အ က်ကင်ဆန်ကို ထောက်ခံနေကြတာဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်အတွင်း VAR စနစ်ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့ရပေမယ့် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်မာတင်အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက် တွေမှာလည်း မှန်ကန်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ်ကလန်တန်ဘတ်ရဲ့ မှတ်ချက်ပေးမှုကို Dailymail က ဖော်ပြလာပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရရှိသွားတဲ့ ဦးဆောင်ဂိုးမတိုင်မီမှာ လီဗာပူးတိုက်စစ်မှူးအိုရီဂီ ပြစ်ဒဏ်ကျူး လွန်ခံခဲ့ရတယ်လို့ လီဗာပူးအသင်းသားများက စောဒကတက်ခဲ့ခြင်းအပေါ် VAR စနစ်နဲ့အဆုံးအဖြတ်ခံယူခဲ့ပေ မယ့် နဂိုမူလဆုံးဖြတ်ချက်အတိုင်း ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် နှစ်ဖက်ပရိ သတ်အကြား အငြင်းပွားမှုတွေရှိနေခဲ့တာပါ။
“ အိုရီဂီနဲ့လင်ဒီလော့ဖ်တို့ကြားမှာ ပြစ်ဒဏ်ဘောပေးသင့်တဲ့အခြေအနေရှိခဲ့တယ်ဆိုပေမယ့် ဖြစ်စဉ်ကိုအတိအ ကျမြင်တွေ့ခဲ့တဲ့ ကွင်းလယ်ဒိုင်က ပိုသိပါတယ်။ မာတင်အက်ကင်ဆန်အနေနဲ့ ဖြစ်ရပ်ကိုတိတိကျကျမြင်နိုင်တဲ့ နေရာမှာ ရှိနေခဲ့တာပါ။ ဒါကြောင့်လည်း ပွဲကိုဆက်ကစားစေခဲ့တာလို့ ယူဆလို့ရပါတယ်။ တောင်းဆိုမှုကြောင့် VAR ကိုပြန်ကြည့်ခဲ့ပေမယ့် မူလဆုံးဖြတ်ချက်အတိုင်းပဲရှိစေခဲ့တဲ့ မာတင်အက်ကင်ဆန်ရဲ့ဆုံးဖြတ်က တကယ် ကိုတိကျခဲ့ပါတယ် ” လို့ မာ့ခ်ကလန်တန်ဘတ်က မှတ်ချက်ပြုခဲ့ပါတယ်။
ပွဲစဉ်အတွင်း လင်ဒီလော့ဖ်- အိုရီဂီဖြစ်ရပ်အပြင် လီဗာပူးတိုက်စစ်မှူးမာနေးလ်ရဲ့ သွင်းဂိုးကို VAR ရဲ့ဆုံးဖြတ်ချ က်အရ လက်ထိခဲ့တယ်လို့အတည်ပြုပြီး ဂိုးအဖြစ်မှပယ်ဖျယ်ခဲ့ခြင်းကိုလည်းနှစ်ဖက်ပရိသတ်တွေအကြားအငြင်း ပွားစရာအခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။
မန်ယူနိုက်တက်အနေနဲ့ အဆိုးရွားဆုံးရာသီအစကို ရင်ဆိုင်နေရပေမယ့် ၈ပွဲဆက်တိုက်နိုင်ပွဲရထားတဲ့ လီဗာပူး အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး နိုင်ပွဲဆက်မှုကို ရပ်တံ့နိုင်ခဲ့တဲ့အတွက် ပွဲစဉ်-၉ အပြီးတွင် အမှတ်ပေး အဆင့်-၁၃နေရာကို ယာယီတက်လှမ်းထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။