ပေါ့ဘာအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄တွင်မှ အသင်းအတွက် ပြန်ပြီးကိုယ်စားပြုနိုင်ဖို့ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အဓိက,ကစားသမားအများစုမှာ ဒဏ်ရာပြဿနာအချို့ရှိနေခဲ့တာပါ။

ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားပေါ့ဘာအနေနဲ့ အချိန်အတို င်းအတာတစ်ခုအထိ ဆက်ပြီးအနားယူရဖို့ရှိနေတဲ့အတွက် ဒီဇင်ဘာလအထိပွဲကစားနိုင်မှာမဟုတ်ဘူးလို့နည်းပြ ဆိုးလ်ရှားရဲ့ အတည်ပြုချက်ကို TheSun က ဖော်ပြလာပါတယ်။

ပေါ့ဘာအနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာ ၃၀ရက်နေ့ကတည်းက ဒဏ်ရာပြဿနာကြောင့်အနားယူနေရသူဖြစ်ပြီးလ က်ရှိအချိန်အထိလည်း အပေါ့စားလေ့ကျင့်ခန်းများသာလုပ်နိုင်နေတာဖြစ်သလို ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့အတွ က် အခက်အခဲအချို့ရှိနေတာလည်းဖြစ်ပါတယ်။



“ ပေါ့ဘာရဲ့ဒဏ်ရာအခြေအနေက ပွဲကစားဖို့မဖြစ်နိုင်သေးပါဘူး။ အနည်းဆုံးနောက်ထပ် ရက်သတ္တပတ် ၂ပ တ်အထိကစားနိုင်ဖို့မဖြစ်နိုင်တာပါ။ သေချာတာတစ်ခုကတော့ ဒီဇင်ဘာလအစောပိုင်းကာလရောက်မှသာပြန် ကစားပေးနိုင်ဖို့ရှိနေပါတယ် ” လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဆိုခဲ့တာပါ။

ပေါ့ဘာအနေနဲ့ ကစားသမားဘဝတစ်လျှောက် မကြာခဏခြေကျင်းဝတ်ဒဏ်ရာရရှိလေ့ရှိပြီး ဂျူဗင်တပ်အသင်း မှာကစားခဲ့စဉ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၂လခန့်အနားယူခဲ့ရသလို လက်ရှိအချိန်မှာလည်းအချိန် ကာလတစ်ခုအထိအနားယူရဖို့ရှိနေတာပါ။

နောဝစ်ချ်အသင်းကို အနိုင်ရရှိခဲ့ခြင်းနဲ့အတူ အမှတ်ပေးဇယားအဆင့်-၇ နေရာကိုပြန်ရောက်လာခဲ့ပြီဖြစ်တဲ့ယူနို က်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ခါရာဘောင်းလိဂ်ဖလား ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အ ဖြစ်ရင်ဆိုင်ကစားရဖို့လည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က