မေလ ၇ ရက်နေ့ တရားဝင်မိတ်ဆက်သွားမယ့် LG Velvet ဟာ စိတ်ဝင်စားစရာ upper mid-range ဖုန်းတစ်လုံးအဖြစ် မြင်ရမှာပါ။
LG Velvet ဖုန်းသစ်မှာ အထူးခြားဆုံးက ခေတ်ပေါ် စမတ်ဖုန်းတွေနဲ့ ကွဲပြားနေတဲ့ ကင်မရာပုံစံပါပဲ။ ရှေ့ဘက်မှာ မိုးရေစက်ပုံစံ Raindrop notch နဲ့ လာပြီးကိုယ်ထည်ဟာ မှန်နဲ့ သတ္ထုစပ် 3D arc ဒီဇိုင်းသုံးထားပါတယ်။ ဖုန်းရှေ့နဲ့ နောက်ဘက်တွေရဲ့ ဘယ်/ညာအစွန်းတွေဟာ နည်းနည်းလေး ကွေးညွှတ်ထားပြီး ဖုန်းရှေ့ အပေါ်နဲ့ အောက် bezel ဟာ အရွယ်အစားတူ နဲ့ လာပါတယ်။

Photo: Android Authority
LG Velvet ဟာ မျက်နှာပြင် ၆.၈ လက်မ Cinema FullVision OLED display သုံးထားပြီး 20.5:9 aspect ratio ကြောင့် ကိုယ်ထည်ဒီဇိုင်းဟာ ရှည်သွယ်သွယ် ဖြစ်နေမှာပါ။ AI Sound နည်းပညာ သုံးထားလို့ ဖုန်းမှာ ဖွင့်တဲ့ အကြောင်းအရာကို လိုက်ပြီး အကောင်းဆုံး အသံအရည်အသွေး ရွေးချယ်ပေးနိုင်မှာပါ။ LG Velvet ဟာ stereo speaker သုံးထားတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။
ရှေ့ဘက်မှာ 16MP selfie ကင်မရာ ပါရှိပြီး OLED panel အောက်မှာ မှန်ပြင်အောက် လက်ဗွေနည်းပညာ ထည့်သွင်းထားပါတယ်။ LG Velvet ဖုန်းရဲ့ နောက်ကျောဘက်မှာ 48MP primary lens ၊ 8MP ultrawide ကင်မရာနဲ့ 5MP depth sensor ဆိုပြီး Triple lens သုံးထားပါတယ်။ pixel လေးလုံးကို တစ်လုံးတည်းအဖြစ် ပေါင်းပြီး ရိုက်ကူးမှု လုပ်တဲ့ Quad Binning နည်းပညာသုံးထားတာ ဖြစ်လို့ အလင်းအားနည်းချိန်မှာလည်း ပိုကောင်းတဲ့ ပုံရိပ်တွေ ထုတ်ပေးနိုင်မှာပါ။
ရုပ်သံရိုက်ကူးမှု လုပ်နေချိန်မှာ မလိုချင်တဲ့ အသံတွေကို ဖယ်ရှားပေးနိုင်မယ့် Voice Out Focus features ပါရှိပါတယ်။ ကိုယ်ရိုက်ကူးနေတဲ့ ပစ်မှတ်နဲ့ လှုပ်ရှားမှုအတိုင်း အမြန်နှုန်းကို အလိုလို ချိန်ညှိပေးနိုင်တဲ့ Time Lapse function နဲ့ အသံအရည်အသွေးကိုလည်း ပိုမိုရှင်းလင်းပြတ်သားစေမယ့် ASMR အသံဖမ်းစနစ် ထည့်သွင်းထားပါတယ်။
Photo: androidcentral
LG Velvet ဟာ 7nm Snapdragon 765G SoC သုံးထားပြီး RAM 8GB/128GB storage နဲ့ လာပါတယ်။ storage ထပ်တိုးဖို့အတွက် microSD card slot တစ်ခုလည်း ထည့်ထားပါတယ်။ ဘက်ထရီပါဝါ 4300 mAh ဟာ fast charging အပြင် 10W wireless charging ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။ LG Velvet ရဲ့ ထူးခြားချက်ကတော့ LG Dual Screen နဲ့ Stylus pen ပံ့ပိုးမှု ပေးထားတာပါ။
ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ 4G နဲ့ 5G နှစ်မျိုး ထွက်ဖို့ ရှိပါတယ်။ရောင်အနေနဲ့ Aurora White ၊ Aurora Gray ၊ Aurora Green နဲ့ Illusion Sunset ဆိုပြီး စုံစုံလင်လင် ထွက်ထားပါတယ်။ တောင်ကိုရီးယားဈေးကွက်ထဲ မေလ ၁၅ ရက်နေ့ ဖြန့်ချိသွားဖို့ ရှိပြီး ဈေးနှုန်း မသိရသေးပါဘူး။