Full Metal Body နဲ့ဒီဇိုင်းကလည်း လန်းရမယ်၊ ရုပ်ထွက်တွေ၊ကင်မရာတွေကောင်းရမယ်၊ Finger Print လည်းပါရမယ်... ဒါပေမဲ့ ဈေးကတော့သိပ်မကြီးရဘူး..ဆိုတဲ့စမတ်ဖုန်းမျိုးရှာနေသူတွေအတွက် အသင့်လျော်ဆုံးဖြစ်မှာကတော့ Motorola ရဲ့ Moto M ပါ။
Moto M ရဲ့ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံနဲ့တည်ဆောက်ထားပြီး ဒီဇိုင်းပိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုး ဖန်တီးထားတာကိုတွေ့ပါတယ်။ Moto M ရဲ့ ဒီဇိုင်းဟာ စမတ်ဖုန်း Design Award ကိုတောင်ရရှိထားတာကြောင့် အကောင်းဆုံးဒီဇိုင်းဆိုတာ မေးခွန်းထုတ်နေစရာတောင်မလိုပါဘူး။ ဒီဇိုင်းကလှပရုံတင်မဟုတ်ဘဲ ကိုင်တွယ်ရတာ သက်သောင့်သက်သာရှိတာကိုလည်းတွေ့ရမှာပါ။
Water-repellent nano coating (covered by the whole body) ကြောင့် ရေစို၊ ရေစင်မှုများ အတွက် စိတ်ပူစရာမလိုတဲ့ အပြင်၊ အနည်းငယ် ကွေးညွတ်ထားတဲ့ ထူးခြားတဲ့ဒီဇိုင်းကိုလည်းတွေ့မြင်နိုင်ပါတယ်။ Finger Print ကို ဖုန်းရဲ့နောက်ကျောဘက်မှာ Dual Flash Light နဲ့ ကင်မရာရဲ့အောက်ဘက်မှာထည့်သွင်းထားတာကလည်း ကိုင်တွယ်ရအဆင်ပြေရုံတင်မကဘဲ တစ်မျိုးဆွဲဆောင်မှုရှိနေစေပါတယ်။
အရောင်ပိုင်းမှာ ဆိုရင်လည်း အရောင်ပိုင်းမှာလည်း ပုံမှန်ရွှေရောင်တွေထက်ပိုလှပတဲ့ Fine Gold ရယ်၊ လေးနက်တည်ငြိမ်တဲ့အသွင်ကိုဆောင်တဲ့ Dark Gray ရယ် နဲ့လှပသေသပ်သော Silver ရယ်ဆိုပြီး (၃)ရောင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
မျက်နှာပြင်အရွယ်အစားက ၅.၅ လက်မဖြစ်ပြီး Home ၊ Back နဲ့ Menu တွေကို soft key အနေနဲ့ထည့်ပေးထားပါတယ်။ IPS LCD Display နဲ့ 1080 x 1920 Pixels ဖြစ်တာကြောင့် ရုပ်ထွက်က ကြည်လင်ပြတ်သားသလို အရောင်လည်း စိုပြေပါတယ်။ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင် အနောက်ဘက်အဓိကကင်မရာက 16MP ရှိပြီး Auto Focus ၊ HDR ၊ Panorama စတဲ့ စနစ်တွေအပြင် Camera Setting တွေကိုစိတ်ကြိုက်ချိန်ညှိရိုက်ကူးနိုင်တဲ့ Pro စနစ်နဲ့ ညဘက် အလင်းရောင်များတဲ့မြို့ပြရှု့ခင်းတွေမှာ အကောင်းဆုံးပုံရိပ်တွေဖမ်းယူနိုင်ဖို့ Night Scape စနစ်တွေပါပါဝင်လို့နေတာ ကြောင့် အဆင့်မြင့်တဲ့ကင်မရာစနစ်ပါဝင်တယ်လို့ဆိုရမှာပါ။ အရှေ့ဘက်ကင်မရာကလည်း 8 MP ရှိပြီး အကောင်းဆုံး Selfie ပုံတွေရိုက်ကူးပေးနိုင်စွမ်းရှိပါတယ်။
စွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင် MTK Helio P15 ပရိုဆက်ဆာကိုသုံးထားပြီး RAM 4GB နဲ့ဖြစ်တာကြောင့် လုပ်ဆောင်ချက်တိုင်းကို မြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးနိုင်ပါတယ်။ အသံစနစ်ပိုင်းမှာ Dolby Atmos စနစ်ကိုထည့်သွင်း ပေးထားပြီး ကောင်းမွန်ပါတယ်။ ဘက်ထရီကတော့ 3050 mAh ဘက်ထရီဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ ကောင်းကောင်းလုံလောက်မှုရှိတဲ့ ဘက်ထရီပါပဲ။
ဒီလို ဒီဇိုင်းပိုင်းထူးထူးခြားခြားလှပပြီး စွမ်းဆောင်ရည်လည်းမြင့်မားတဲ့ Moto M ရဲ့ ဈေးနှုန်းက ၂၅၉၀၀၀ ကျပ်ဖြစ် တာကြောင့် တကယ့်ကိုတန်တဲ့ဖုန်းတစ်လုံးလို့ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Moto M ဖုန်းဝယ်ယူရင် နှလုံးခုန်နှုန်း၊ လမ်းလျှောက်တဲ့ခြေလှမ်းအရေအတွက်စတာတွေကို တိုင်းတာမှတ်သားပေးပြီးကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ Heart Rate Band တစ်ခု နှင့် 3 in 1 cable တစ်ခုကိုပါရရှိမှာဖြစ်တာကြောင့် တန်ပြီးရင်တန်ပါပဲ။
Moto M ကို ရန်ကုန်မြို့မှာဆိုရင် KMD အရောင်းစင်တာတွေအပြင် AnyCall, Unique ၊ Digital Mart ၊ Mobile King စတဲ့မြို့နယ်အသီးအသီးကမိုဘိုင်းလ်ဖုန်းအရောင်းဆိုင်တွေမှာဝယ်ယူရရှိနိုင်မှာဖြစ်သလို မန္တလေး၊ ပြည်၊ပုသိမ်၊လွိုင်ကော်၊ တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ မိုးကုတ်၊ ပင်လောင်း၊ လားရှိုး၊ မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ ဘီးလင်း၊ ကျိုက်ထို၊ ဘားအံ၊ မုဒုံ၊ သထုံ စတဲ့ မြို့အသီးသီးက မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်တွေမှာလည်း ဝယ်ယူရရှိနိုင် ပါတယ်။
Share