ဒလ-ရန်ကုန်ဆက်သွယ်မယ့် ၁၆၇ မီတာအရှည်ရှိတဲ့ တံတားကို တည်ဆောက်ဖို့အတွက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ပြီးပန္နက်ရိုက်ပေးခဲ့တာဖြစ်ပါတယ်။

Photo - Yangon Region Government
အဲ့ဒီတံတားစီမံကိန်းမှာ ကိုရီးယား ကုမ္ပဏီက တည်ဆောက်မှာဖြစ်ပြီး မြန်ဖက်ကလည်း တံတားတည်ဆောက်ရေးနည်းစနစ်ပိုင်းတွေကိုလေ့လာပြီး ရယူထားမှာဖြစ်တယ်လို့ သိရပါတယ်။
“တံတားနဲ့ပါတ်သတ်ပြီးတော့ နဂိုခန့်မှန်းထားတဲ့ချေးငွေထက်ကို ဒီဇိုင်းပြောင်းလိုက်ရတဲ့အခါမှာ လိုတဲ့ငွေအတွက်ကိုလည်း လုပ်ဆောင်နေဆဲပဲလို့ပြောလို့ရပါတယ်။ ကိုရီးယားကုမ္ပဏီဘက်ကပဲဆောက်မှာပါ။မြန်မာဘက်က technical အကူအညီပိုင်းကို ပေးမှာဖြစ်ပါတယ်။ဆောက်လုပ်ရေးပိုင်းက ပင်မ contractor က ကိုရီးယားဘက်ကဆောက်မှာပါ ” လို့ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်ကောင်းချိုက ပြောပါတယ်။
တံတားတည်ဆောက်မှုလုပ်ငန်းကို ဇန်နဝါရီ ၂၀၁၉ မှာစတင်မှာဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်ဇူလိုင်မှာ ပြီးစီးမှာဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံစီးပွားဖံ့ွဖြိုးမှုပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ချေးငွေအရ ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့ မြန်မာအစိုးရထည့်ဝင်ငွေ ၃၀ဒသမ ၃၄၁ သန်း၊စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈ဒသမ ၁၇၃ သန်းကုန်ကျမှာဖြစ်ပါတယ်။
ဒလတံတားကို ရန်ကုန်မြို့ဘက်က လမ်းမတော်ဘက်ခြမ်းနဲ့ ဒလမြို့နယ်က ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ထားတာဖြစ်ပြီး မူလကြာချိန် နှစ်နာရီနီးပါးသွားလာချိန်ထက်က တံတားပြီးဆုံးပါက နာရီဝက်ခန့်သာ ကြာမြင့်တော့မှာဖြစ်တယ်လို့ သိရပါတယ်။