
photo- Thet Tin Win
ရန်ကုန်နဲ့ဒလကို ဖြတ်သန်းသွားလာဖို့အတွက် ရန်ကုန်-ဒလတံတားစီမံကိန်းကို သြဂုတ်လ(၁၀)ရက်နေ့ ညပိုင်းကစပြီး လုပ်ငန်းကို စတင်အကောင်အထည်ဖော်တော့မှာဖြစ်တာကြောင့်် ဘုန်းကြီးလမ်းတစ်လျှောက်ဖြတ်သန်းသွားလာနေတဲ့ YBSယာဉ်လိုင်းများကို သြဂုတ်လ(၁၁)ရက်နေ့ကစပြီး ခရီးစဉ်လမ်းကြောင်းများပြောင်းလဲပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။
photo- Kyaw Moe
ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကြောင့် ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲရမယ့် ယာဉ်လိုင်းတွေကတော့ ၂၁၊ ၃၉၊ ၃၅၊ ၃၇၊ ၇၈ တို့ပဲဖြစ်ပါတယ်။ ဒီယာဉ်လိုင်းတွေဟာ လမ်းကြောင်းတစ်ခုတည်းကိုပဲပြောင်းလဲပြေးဆွဲမှာမဟုတ်ဘဲ လမ်းကြောင်းတွေကိုခွဲပြီးပြေးဆွဲမှာ ဖြစ်တာကြောင့် ယာဉ်လမ်းကြောင်းပိတ်ပို့မှုမဖြစ်အောင်တော့ ဦးစားပေးပြီးဆောင်ရွက်ထားတယ်လို့ ကိုတရုတ်လေးကပြောပါတယ်။
ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကို အဆင့်(၃)ဆင့်နဲ့ဆောင်ရွက်သွားမှဖြစ်ပြီး ခုကပထမအဆင့်ကိုဆောင်ရွက်မှာပါ။ ပထမအဆင့်ဆောင်ရွက်ချက်မှာတင် အချိန်ကာလအားဖြင့် (၈)လနဲ့ (၁၀)လ ကြားကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။