• dual camera နဲ့ မြန်မာငွေ ၁ သိန်းခွဲအောက်တန် Redmi 8A Dual

Gorilla Glass 5 အုပ်ထားပါတယ်

Xiaomi ရဲ့ Sub-brand တစ်ခု ဖြစ်တဲ့ Redmi ကနေ တန်ဖိုးနည်း Redmi 8A ကို ဗားရှင်းမြှင့်ပြီး အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Redmi 8A Dual နာမည်နဲ့ ထွက်လာတဲ့ ဒီဖုန်းဟာ အရင် ထွက်ထားတဲ့ Redmi 8A ကိုပဲ အဆင့်မြှင့်တင်မှု နည်းနည်း ထပ်လုပ်ထားတာပါ။ Redmi 8A Dual မှာ သိသာတဲ့ အပြောင်းအလဲတစ်ခုက ကင်မရာ ဖြစ်ပါတယ်။ ကျောဘက်မှာ 13MP main sensor နဲ့ 2MP depth sensor ဆိုပြီး နှစ်လုံးတွဲကင်မရာ စနစ်ကို သုံးထားပါတယ်။ ဆယ်လ်ဖီဆွဲဖို့နဲ့ video call ခေါ်ဆိုဖို့အတွက်တော့ ရှေ့ဘက်မှာ 8MP ကင်မရာ ပါရှိပြီး Portrait Mode လည်း ထည့်ပေးထားပါတယ်။

image

မျက်နှာပြင်အရွယ်အစား ၆.၂၂ လက်မ HD+ LCD display ကို ကာကွယ်ပေးထားတဲ့ အကြမ်းခံမှု မြင့်တဲ့ Gorilla Glass 5 ဖြစ်ပါတယ်။ ကျောဘက်ကာဗာဟာ လက်ထဲမှာ အသားတကျနဲ့ ကိုင်လို့ကောင်းစေဖို့ Aura XGrip Design သုံးထားပါတယ်။ entry-level ဖုန်း ဖြစ်ပေမယ့် တော်တန်ရုံရေစင်တဲ့ဒဏ်ကို ကာကွယ်နိုင်စေဖို့ P2i Coating နဲ့ လာပါတယ်။

ဒီဖုန်းရဲ့ ထူးခြားချက်က power bank လိုလည်း အသုံးပြုနိုင်တဲ့ Reverse Charging စနစ် ပံ့ပိုးပေးထားတာပါ။ ဖုန်းဘက်ထရီပါဝါကလည်း 5000mAh ရှိပြီး 18W charging ပေးနိုင်တဲ့ USB-C port သုံးထားပါတယ်။ Redmi 8A Dual ဟာ RAM 2GB နဲ့ 3GB ဆိုပြီး ဗားရှင်း နှစ်မျိုးနဲ့ လာပါတယ်။ internal storage အနေနဲ့ 32GB ပဲ ရှိပေမယ့် microSD card ကနေ 512GB အထိ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။

လုံခြုံရေးအတွက် AI Face Unlock ပါရှိပြီး processor ကတော့ Snapdragon 439 processor ဖြစ်ပါတယ်။ အရောင်အနေနဲ့ Sky White ၊ Sea Blue နဲ့ Midnight Grey ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ အနိမ့်ဗားရှင်း RAM 2GB/32GB storage ကို ၆၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) ၊ RAM 3GB ဗားရှင်းကိုတော့ ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က