ကင်တေးဟီက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းက သမီးဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
Photo - Koreaboo
တောင်ကိုရီးယားရဲ့ ထိပ်တန်းဆယ်လီစုံတွဲဖြစ်တဲ့ ရိန်းနဲ့ ကင်တေးဟီဟာ ဒုတိယမြောက် ရင်သွေးလေး ရရှိနေပြီလို့ ကြေညာလိုက်ပြီဖြစ်ကြောင်း Koreaboo သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ကင်တေးဟီက ရင်သွေးလေးကို ၂၀၁၉ စက်တင်ဘာလအတွင်း မွေးဖွားမည်ဖြစ်ကြောင်း သူမရဲ့အေဂျင်စီက ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
"ဟယ်လို..ကင်တေးဟီရဲ့အေဂျင်စီ BS Company ပါ။ ကင်တေးဟီနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစရာသတင်းတစ်ခု ဝေမျှချင်လို့ပါ။ ကင်တေးဟီက မကြာသေးမီကပဲ ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပြီး စက်တင်ဘာလမှာ မွေးဖွားမှာ ဖြစ်ပါတယ်။ သူက ကလေးနှစ်ယောက်မိခင်ဖြစ်လာတော့မှာပါ" လို့ BS Company က ကြေညာခဲ့ပါတယ်။
Photo - Koreaboo
၂၀၁၇ အောက်တိုဘာလတုန်းက ကင်တေးဟီက သမီးဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက မိခင်လောင်းတွေ သိသင့်သိထိုက်တဲ့အရာများကိုေ ပျာ်ရွှင်စွာနဲ့ သင်ယူလေ့လာနေတယ်လို့လည်း BS Company က ပြောခဲ့ပါတယ်။
ရိန်းက ၂၀၁၇ အောက်တိုဘာလတုန်းက သမီးဦးလေး ရရှိခဲ့တဲ့အတွက် ချစ်စဖွယ် မိန်းကလေးဘွတ်ဖိနပ်တစ်ရံပုံကို သူ့ရဲ့အင်စတာဂရမ်ကနေ မျှဝေခဲ့ပါသေးတယ်။
တောင်ကိုရီးယာ မင်းသားနဲ့ အဆိုတော် ရိန်း (ဂျန်ဂျီဟွန်း) နဲ့ မင်းသမီး ကင်တေးဟီတို့ဟာ ၂၀၁၇ ဇန်နဝါရီလ ၁၉ ရက်နေ့က ဆိုးမြို့မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။