အဂူရိုအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်-၉မှာ သေချာပေါက် ပါဝင်ကစားဖို့ရှိနေတာပါ။

မန်စီးတီးအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို အသွားမှာ ယာဉ်မတော်တဆဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူးအဂူရိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသင်း ရဲ့ လေ့ကျင့်ရေးကွင်းကို အသွားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော်လည်း အသက်အန္တရာယ်ကနေလွတ်  မြောက်ခဲ့တယ်လို့ THESUN က ဖော်ပြလာပါတယ်။

အဂူရိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကလည်း နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ ပြီး နံရိုးကျိုးဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပြီး အခုအခါမှာလည်း သာမန်ဒဏ်ရာအ  သေးစားအချို့သာရရှိခဲ့တယ်လို့ သိရပါတယ်။



ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အဂူရိုရဲ့ ပေါင်တစ်သိန်းကျော်တန် RANGE ROVER ကားအရှေ့ပိုင်းသာ ပျက်စီးခဲ့တာဖြစ်ပြီး ဖြစ်စဉ်အပြီးတွင် ကာယကံရှင်အနေနဲ့ မန်စီးတီးအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာပါဝင်  ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြနေကြတာပါ။

ဆက်စပ်သတင်းအချို့အရ ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ယာဉ်ရဲ့ကြံ့ခိုင်မှုပိုင်းအချို့လိုအပ်ချက်ရှိခဲ့တဲ့အတွက် အခုလိုမတော်တဆဖြစ်ခဲ့တာဖြစ်ပြီးအဂူရိုအနေနဲ့လည်းသတ်မှတ်အရှိန်နဲ့သာယာဉ်ကိုမောင်းနှင်ခဲ့တာဖြစ်တ ယ်လို့  သတင်းဖော်ပြမှုအချို့လည်းရှိနေခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဂူရိုအနေနဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပေမယ့် ဒဏ်ရာ ရရှိခဲ့ခြင်းမရှိသလို လေ့ကျင့်ရေးအစီအစဉ်တွင်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ခရစ္စတယ်ပဲလေ့စ်ကိုရင်ဆို င်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

Share

Loading Next Article...
က္က