အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းကို ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ ကျဆုံးခဲ့ကြတဲ့ အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို အမေရိကန်ကို မေလ ၁၂ ရက်နေ့မှာပြန်လည် သယ်ဆောင်ခဲ့ပါတယ်။

ဓါတ်ပုံ-အမေရိကန်သံရုံး



မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကနေတစ်ဆင့် ပြန်လည် သယ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ရုပ်ကြွင်းတွေကို စိစစ်ခွဲခြမ်းစိတ်ဖြာဖို့ အမေရိကန်ပြည်ထောင်စုရှိ ဓာတ်ခွဲခန်းကို ပို့ဆောင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ဒီရုပ်ကြွင်းတွေက ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်သည် ၇ ဦးလိုက်ပါသွားတဲ့ ဘီ-၂၅ ရီလေယာဉ်နဲ့ ဆက်စပ်နေမယ်လို့ ထုတ်ပြန်ထားပါတယ်။

Members of the Defense POW/MIA Accounting Agency (DPAA ) အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၃ ၂၀၀၄ ခုနှစ်တုန်းက ရှာဖွေရေး အစီအစဉ်တွေ ပြုလုပ်ခဲ့ပြီးတော့ ၂၀၁၉ အထိ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံမှာ ကျန်ရစ်ပျောက်ဆုံးပြီးရှာဖွေလို့ မရသေးတဲ့ အမေရိကန်စစ်သည် ၆၃၂ ဦးလက်ရှိအချိန်အထိ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေရှာဖွေဖို့ အတွက်မီဒီယာတွေကနေ တစ်ဆင့် ကြေငြာထားခဲ့တာကိုလည်း တွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က