ယူနိုက်တက်အနေနဲ့ ကစားသမားသစ် ၅ဦးအထိ ခေါ်ယူဖို့ရှိနေတာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အပြီး အဆင့် ၁၄နေရာမှာရပ်တည်နေတဲ့အတွက် ကစားသမားသစ်တွေခေါ်ယူဖို့စီစဉ်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကစားသမားသစ်အချို့ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုများပြုလုပ်ဖို့ရှိေ နတယ်လို့ သတင်းထွက်ပေါ်မှုတွေရှိလာခဲ့ပြီးနောက် လာမယ့်ဆောင်းရာသီကစားသမားအပြောင်းအရွှေ့ဈေးကွ က်မှာ ပေါင်သန်း ၃၀၀ အထိအသုံးပြုဖို့ရှိနေတယ်လို့ dailymail က ဖော်ပြလာပါတယ်။

နည်းပြဆိုးလ်ရှားအနေနဲ့ ရာသီအစက အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူ၊ ဆန်းချက်ဇ်တို့ အင်တာမီလန် အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးခဲ့ရတဲ့အတွက် တိုက်စစ်ပိုင်းလိုအပ်ချက်ရှိလာခဲ့လို့ အခုလိုကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြမှုတွေအရ လက်စတာအသင်းရဲ့တောင်ပံကစားသမားမက်ဒီဆင်၊ လိုင်ယွန်တိုက်စစ်မှူးဒ မ်ဘီလီ၊ အက်သလက်တီကိုကွင်းလယ်ကစားသမားဆောနီဂွက်ဇ်တို့ကို ခေါ်ယူဖို့အတွက် အဓိကပြင်ဆင်မှုတွေ  ပြုလုပ်နေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲတွင် တိုက်စစ်ကသွင်းဂိုး ၁ဂိုးပဲရရှိခဲ့တဲ့အတွက် လာမယ့် အပြောင်းအရွှေ့ဈေးကွက်အတွင်း တိုက်စစ်အားသန်တဲ့ကစားသမားအချို့ခေါ်ယူပေးရန် နည်းပြဆိုးလ်ရှားက  တောင်းဆိုထားခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင်လည်း မက်ဂွိုင်းယား၊ ဝမ် ဘတ်စကာ၊ ဒန်နီရယ်ဂျိမ်းစ်တို့ ၃ဦးအတွက် ပေါင်သန်း၁၄၀နီးပါးအသုံးပြုထားပြီးဖြစ်ပေမယ့် လာမယ့်အပြောင်း အရွှေ့တွင်လည်း ပေါင်သန်း ၃၀၀ ထပ်မံအသုံးပြုခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က