မကြာခင် စတော့မှာပါ။

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ပွဲ ဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကိုတော့ မကြာခင်မှာ ပြန်လည်စတင်တော့မှာပါ။

 

Photo : Myanmar Idol



Myanmar Idol Season 4 ပြိုင်ပွဲကြီးကို မကြာခင်မှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ Myanmar Idol ပြိုင်ပွဲ Season 4 အတွက် အကဲဖြတ်ပေးမယ့် ဒိုင်လူကြီးတွေလည်း ပေါ်ထွက်လို့ လာခဲ့ပါပြီ။

သူတို့ကတော့ တေးရေးတစ်ဦးလည်း ဖြစ်သလို ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ အောင်ကိုလတ် ၊ Myanmar Idol Season 2 မှာကတည်းက ပါဝင်လာတဲ့ အဆိုတော် တင်ဇာမော်နဲ့ ဂီတလောကမှာအောင်မြင်မှု ရရှိနေဆဲ တေးသံရှင် ဖြူဖြူကျော်သိန်းတို့ ဖြစ်ပါတယ်။Myanmar Idol Season 4 မှာတော့ Season 2 နဲ့ 3 ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိခဲ့တဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန်ပါဝင်လာခြင်း မရှိတာကို တွေ့ရပါတယ်။ ထို့အတူ အဆိုတော် ရန်အောင်နဲ့ မျိုးကျော့်မြိုင်တို့လည်း ပါဝင်လာခြင်း မရှိပါဘူး။

Myanmar Idol ရဲ့ Season 4 မှာ Host အဖြစ် ပရိသတ်တွေ သဘောကျ လက်ခံပြီးသားဖြစ်တဲ့ ကျော်ထက်အောင်ကပဲ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ကျင်းပမယ့် Myanmar Idol Season 4 ပြိုုင်ပွဲကြီးကို ယခင်နှစ်တွေနဲ့မတူ တမူထူးခြားတဲ့ အစီအစဉ်တွေနဲ့ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ (ဇွန်လ၁၁ရက်)က ပြုလုပ်တဲ့ Myanmar Idol Season 4 သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ Mobile Casting များကို ဇွန်လလယ်ပိုင်းလောက်စပြီး လုပ်ဆောင်သွားမှာ ဖြစ်ပြီး အသံစစ်ဆေးမှုများကို မြန်မာနိုင်ငံရဲ့ မြို့ကြီး(၅)မြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Myanmar Idol Season 4မှာ Winner ရရှိသူကို ငွေကျပ် သိန်း ၅၀၀နဲ့ တစ်ကိုယ်တော် တေးစီးရီးတစ်ခွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကို ၂၀၁၆ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပထမဆုံး Season 1 မှာ Winner ဆုကို စောလားထော်ဝါး၊ Season 2 ရဲ့ Winner ဆို သားငယ်နဲ့ Season 3 ရဲ့ Winner ဆုကို ဖြိုးမြတ်အောင်တို့က ရရှိခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က