မြန်မာဂုဏ်ဆောင် ဘောလုံး သမား အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို မတ်လ(၂၆) ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်သူရင် Western Park တွင် ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအောင်သူကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ဘောလုံးဆက်ကန်သွားမှာ ဖြစ်ပြီး နိုင်ငံအတွက် ပေးဆပ်သွားဦးမှာပါလို့ ဆိုပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာပွဲကို ဒီနေ့(မတ်လ၂၆ရက်)က Western Park မှာ ပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းကနေ ဖူးစာဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီးတော့လည်း သူတို့ ဝါသနာပါရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ပိုးအိအိခန့်ကလည်း သူမဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး အောင်သူ့အတွက် အိမ်ထောင်ရှင်မကောင်း ပီသအောင် နေမယ်လို့ ဆိုပါတယ်။
“ညီမက အနုပညာကိုလည်း ချစ်တဲ့အတွက် အနုပညာအလုပ်လည်း ဆက်လုပ်မယ်။ ပြီးတော့ သူ့အတွက်လည်း အိမ်ထောင်ရှင်မကောင်း ပီသအောင်နေမယ်။ အဲဒီနှစ်ခုကို မျှအောင်လုပ်မှာပေ့ါ”ဆိုပြီး မတ်လ(၂၆) ရက်နေ့က မင်္ဂလာပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။
အောင်သူအနေနဲ့လည်း သူဝါသနာပါတဲ့ ဘောလုံးကို ဆက်ကန်သွားမှာ ဖြစ်ပြီး အိမ်ထောင်ပြုပြီးနောက် ခြေစွမ်းကျသွားမှာ စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။
“ဘောလုံးသမားကတော့ ကောင်းတဲ့အချိန်ရှိသလို ဆိုးတဲ့အချိန်ရှိမှာပါပဲ။ ကောင်းတဲ့အချိန်လည်း ကောင်းတာ ခံစားရသလို ဆိုးတဲ့အချိန်လည်းဒီလိုပဲ ခံရမှာပေ့ါ။ ဘာပဲဖြစ်ဖြစ်ပေ့ါ။ကျွန်တော်က အိမ်ထောင်ကျသွားလည်း ဘောလုံးပဲ ဆက်ကန်သွားမှာပါ။ အများကြီးလည်း ကန်သွားမှာ ဖြစ်သလို အများကြီးလည်း ပေးဆပ်သွားမှာပါ။” လို့ ဆိုပါတယ်။
အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။