အိမ့်ချစ်တစ်ယောက် ကသာမြို့လေးမှာ ပျော်ပျော်ပါးပါးလည်ပတ်နေတာကို တွေ့ရပါတယ်။ ဒီလို ခံစားချက်လေး ကြောင့်လည်း သူ့ရဲ့ ဘဝ ပျော်အောင်ဖြတ်သန်းရဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
Photo: အိမ့်ချစ်
အဆိုတော် အိမ့်ချစ်က ကသာမြို့နယ်ကို ဂီတဖျော်ဖြေရေးအနေနဲ့ ရောက်ရှိနေစဉ် အားတဲ့ အချိန်လေးမှာ ပျော်ပျော်ပါးပါး လျှောက်လည် လျှောက်သွားနေတာတွေကို ပြောပြလာပါတယ်။
''ဒီနေ့ ကသာမြို့မှာ ဘုရားဖူးတယ်။ ဘုရားမှာ မဟာသမယသုတ် ပဌာန်းပါဠိတော် ပူဇော်တယ်။ ခေါက်ဆွဲသွားစားတယ် စာသင်ကျောင်းလေးတစ်ကျောင်းကို ရောက်သွားတယ်။ ဆရာမဝင်လုပ်တယ်။ သီချင်းတွေဆိုပြတယ်။ ဘေထုတ်မှာ အကျႌတွေ ဝင်မွှေကြတယ်''ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁၂ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Photo: အိမ့်ချစ်
သူမဟာ ရောက်လေရာ ဒေသမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပါတယ်။ ဒီလို အချက်တွေကြောင့်လည်း အိမ့်ချစ်ကို ချစ်ကြတဲ့ ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ ပိုများလာခဲ့တာပါ။
'' နိုင်ငံခြားတွေသွား ဈေးကြီးဟိုတယ်တွေနေမှပျော်စရာ ခရီးစဉ်ဖြစ်တာမဟုတ်ပါဘူး။ ပျော်တတ်ရင် ဘယ်ဒေသမဆိုပျော်စရာ လေးတွေနဲ့ပါ။ ဘဝကိုပျော်အောင်နေပြီးဖြတ်သန်းဖို့အရေးကြီးတယ်'' ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Photo: အိမ့်ချစ်
အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။
Photo: အိမ့်ချစ်
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့အလုပ်တစ်ခု ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါတယ်။