အသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ အမေရိကန်လက်ရွေးစင်ကစားသမားဟာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်အားသန်ကစားသမား ပူလီဆစ်ဟာ သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေပြီဖြစ်ပြီး ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဖရန့်လမ်းပတ်ရဲ့ ပွဲထွက်လူစာရင်းကနေ ဆက်လက်ချန်လှပ်ခံထားရမှုတွေရှိခဲ့မယ်ဆိုရင် ပူလီဆစ်က အသင်းပြောင်းရွှေ့နိုင်ချေရှိနေတယ်လို့ Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။
အသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ အမေရိကန်လက်ရွေးစင်ကစားသမားဟာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လိုင်လီကို အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲလူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်းမရှိတဲ့အတွက် ပူလီဆစ်က သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ အနာဂတ်ကို စဉ်းစားလာတာဖြစ်ပါတယ်။
ဒေါ့မွန်ကနေ ချယ်လ်ဆီးကို ပေါင် ၅၈သန်းနဲ့ နွေရာသီကမှ ပြောင်းရွှေ့လာခဲ့တဲ့ ပူလီဆစ်ဟာ ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အဖွင့်ပွဲ ၄ပွဲမှာလည်း ၃ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပေမယ့်လည်း နောက်ဆုံးပွဲစဉ်တွေမှာတော့ အရန်ခုံပေါ်ကသာ ထိုင်ကြည့်နေခဲ့ရပါတယ်။
ပူလီဆစ်ကတော့ ကာရာဘောင်းဖလားပြိုင်ပွဲမှာသာ ဂိုးသွင်းယူပေးထားနိုင်သေးသူဖြစ်ပြီး လမ်းပတ်က ဝီလီယံ နဲ့ ပက်ဒရိုတို့ကို ပိုမိုဦးစားပေးအသုံးပြုနေခဲ့တာြဖ်စပါတယ်။ မေဆန်မောင့်၊ ကော်လမ်ဟက်ဆန်အိုဒွိုင်တို့လည်း ရှိနေခဲ့လို့ ပူလီဆစ်အတွက် ပုံမှန်နေရာရဖို့က တော်တော်လေးအားပြိုင်ရဦးမှာဖြစ်ပြီး လမ်းပတ်ရဲ့ ယုံကြည်မှုကို ရရှိဖို့ ကြိုးစားပြရမှာဖြစ်ပါတယ်။
Daily Mail ကတော့ ပူလီဆစ်အနေနဲ့ ချယ်လ်ဆီးမှာပဲ ဆက်နေချင်နေပြီး ပုံမှန်ကစားခွင့်ရဖို့အတွက် တိုက်ပွဲဝင်သွားဖိ့ုရှိတယ်လို့ နားလည်ထားကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ လမ်းပတ်ကတော့ ပူလီဆစ်အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ထိုက်တန်ကြောင်းကို အလုပ်ကြိုးစားပြီး တိုးတက်မှုပြသဖို့လိုအပ်တယ်လို့ သတိပေးပြောဆိုထားခဲ့ပါတယ်။