• "ရော်နယ်ဒိုနေရာကို ဘေးလ်က အစားထိုးနိုင်ပါတယ်" (ရွိုင်ယန် ဂစ်)

ဘေးလ်အနေနဲ့ လက်ရှိ လာလီဂါ ၂ ပွဲကစားပြီး ၂ ဂိုးစတင်သွင်းယူထားပါပြီ။

အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံးကစားသမားထွက်ခွာသွားလို့ ၎င်းရဲ့နေရာမှာ ဘေးလ်က အစားထိုး ဂိုးတွေ သွင်းပြသွားမှာပါလို့ ဝေးလ် လက်ရွေးစင် နည်းပြ ရွိုင်ယန်ဂစ်က ဆိုလိုက်တာ ဖြစ်ပါတယ်။

image

Photo - EatFootball

 

အသင်းက ထွက်ခွာသွားတဲ့ ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုနေရာမှာ ဝေးလ်တောင်ပံ ကစားသမား ဂါရတ်ဘေးလ်က အစားထိုး ဖြည့်ဆည်း ကစားပေးနိုင်ကြောင့် ဝေးလ်လက်ရွေးစင်အသင်း နည်းပြချုပ် ရွိုင်ယန်ဂစ်က ဆိုလိုက်ပါတယ်။

ဒီယက်ဇ်အတွက် မထင်မှတ်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ ရီးရဲလ် 

ရီးရဲအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ရော်နယ်ဒိုအနေနဲ့ ယခုနှစ်ရာသီအစမှာ အီတလီကလပ် ဂျူဗင်တပ်အသင်းကို ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo - Goal.com

 

၎င်း ပြောင်းရွှေ့သွားလို့ ရီးရဲက ၎င်းနေရာအစားထိုးနိုင်မယ့် အခြားကစားသမားသစ်ကို ရှာဖွေခဲ့ရာမှာတော့ ဟာဇက်၊ဘတ်ပေး၊နေမာတို့ နာမည် ထွက်ခဲ့ပေမယ့်လည်း တစ်ဦးမှတော့ ရောက်မလာခဲ့ပါဘူး။

လက်ရှိမှာတော့ မနှစ်က အသင်းနဲ့ ပွဲထွက်ခွင့်နည်းပါးခဲ့လို့ အသင်းပြောင်းမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဂါရတ်ဘေး ကတော့ အသင်းနဲ့ ပုံမှန်ပွဲထွက်ခွင့်ပြန်ရနေပါပြီ။

Photo - The Quint

 

အသင်းအတွက်လည်း ပွဲစဉ်တိုင်းလိုလိုမှာ အနိုင်ဂိုးတွေ သွင်းယူပေးနေတာကြောင့် ၎င်းဟာ ရော်နယ်ဒိုနေရာ အစားထိုးနိုင်မယ့်သလို့ ဝေးလ် လက်ရွေးစင် နည်းပြ ဂစ်က ဆိုလိုက်တာ ဖြစ်ပါတယ်။

"ရော်နယ်ဒို ထွက်ခွာသွားရင်ဆိုတဲ့ ဖိအားက အသင်းအပေါ် အမြဲတမ်း ကျရောက်နေခဲ့တာပါ။ဒီအခြေအနေကိုတော့ ဘေးလ်က အံ့အားသင့်ဖွယ် ခြေစွမ်းတွေနဲ့ ဖြည့်ဆည်းပေးနေပြီ ဖြစ်ပါတယ်။သေချာတာကတော့ ဒီနှစ်မှာ အပြောင်းအလဲတွေ များမှာပါ၊၎င်းသွင်းခဲ့တဲ့သွင်းဂိုးတွေကို ဘယ် သူက အစားထိုးသွင်းပေးမှာလဲဆိုတာ အရမ်းကိုမေးခွန်းထုတ်စရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။ဘေးလ်က ဒီအခြေအနေကို အကောင်းဆုံး ကိုင် တွယ်ပြသွားပါလိမ့်မယ်" လို့ ဂစ်က ထုတ်ဖော်ပြောလိုက်ပါတယ်။

Photo - Melody Travers

 

ဘေးလ်အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေက ကြံံ့ခိုင်မှု ပြဿနာကြောင့်သာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရတာ ဖြစ်ပြီး အသင်းအတွက် ပါဝင်ခွင့် ရချိန်တိုင်းလို လိုမှာတော့ အကောင်းဆုံးခြေစွမ်းပြကစားပြီး ဂိုးသွင်းယူပေးနိုင်တာကြောင့် ၎င်း ဒဏ်ရာ ပြန်မရသွားဖို့သာ မက်ဒရစ် ဆုတောင်းရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က