မြူလန်စတင်းကတော့ ရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်အောင် ကူညီပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံကိုအခြေခံကာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရော်နယ်ဒိုရဲ့ စိတ်ဓာတ်ပိုင်းကို အတုယူဖို့အတွက် အသင်းနည်းပြအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မြူလန်စတင်းက အကြံပေးပြောဆိုသွားခဲ့ပါတယ်။ မြူလန်စတင်းကတော့ ရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်အောင် ကူညီပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံကိုအခြေခံကာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ၂ဂိုးသွင်းယူပေးခဲ့ပြီးနောက် ၃ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေပြီး ပင်နယ်တီလွဲချော်မှုပါ ရှိနေခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ပရိသတ်အများစုက ရော်နယ်ဒိုရဲ့ ဟန်ပန်ကိုလိုက်လံအတုခိုးနေတယ်လို့ ဝေဖန်ပြောဆိုနေခဲ့ကြပါတယ်။ လက်ရှိမှာလည်း ခြေစွမ်းကျဆင်းနေခဲ့လို့ ရက်ရှ်ဖို့ဒ်က ဖိအားတွေနဲ့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။
" ရော်နယ်ဒိုက ထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့ ကစားသမားပါ၊ သူက သူ့ရဲ့ ခြေစွမ်းနဲ့အရည်အသွေးအပေါ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ကစားသမားလည်းဖြစ်ပါတယ်၊ ရက်ရှ်ဖို့ဒ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာချင်ရင် အဲဒီလိုမျိုးစိတ်ဓာတ်ကို ထားရှိနိုင်ဖို့ လိုအပ်ပါတယ်၊ သူ့အနေနဲ့ ရော်နယ်ဒိုကို သူ့ရဲ့စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း ထားရမှာပါ"
" သူ့ကို ရော်နယ်ဒိုလက်သစ်ဖြစ်လာမယ်လို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုလိုအရည်အသွေးမျိုးက သူ့တစ်ဦးတည်းဆီမှာပဲ ရှိနေတာမို့လို့ပါ၊ ရက်ရှ်ဖို့ဒ်က သူ့ပင်ကိုယ်အရည်အသွေးကို ပြသနိုင်ဖို့အတွက် ဖန်တီးရမှာဖြစ်ပြီး အဲဒါက သူ့ကို ပွဲတွေအများကြီးကစားနိုင်စေပြီး သွင်းဂိုးတွေ၊ ဆုဖလားတွေကို ရယူနိုင်လာမှာပါ" လို့ မြူလန်စတင်းက ပြောသွားခဲ့ကြောင့်း Sportskeeda က ဖော်ပြခဲ့ပါတယ်။