တိုက်စစ်မှူး ၃ ယောက်ပေါင်း ဂိုးပေါက်တည့်မှု ၃ ကြိမ်သာ ရှိခဲ့တာကတော့ ရော်နယ်ဒို နေရာ အပြည့်အ၀ အစားထိုးနိုင်ပြီလို့ ဆိုဖို့ အချိန်အ နည်းငယ်စောနေသေးပါတယ်။
Photo - 90Min
၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ လာလီဂါ အဖွင့်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ စတင်ကစားခဲ့ရာမှာတော့ ရီးရဲမက်ဒရစ်အသင်းက အိမ်ကွင်းမှာ ဂီတာေ ဖးအသင်းကို ဧည့်ခံ ကစားခဲ့ပါတယ်။
အသင်းကို ၃ နှစ်ဆက် ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့သူတွေလို့ ဆိုရမယ့် ရော်နယိဒိုနဲ့ နည်းပြ ဇီဒန်းတို့ ထွက်ခွာ သွားခဲ့ပြီးနောက် ရီးရဲအသင်းရဲ့ ပထမဆုံး လာလီဂါနိုင်ပွဲလည်း ဖြစ်ပါတယ်။
Photo - Marca
အဓိက ကစားသမားနဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ပေမယ့်လည်း ချန်ပီယံ ခြေစွမ်းက တစ်သင်းလုံးမှာ ရှိနေတယ်ဆိုတာကို ရီးရဲအသင်းက သက်သေပြလိုက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နည်းပြ လာပေါ်တေအတွက် လာလီဂါ ပထမဆုံး ဂိုးကိုတော့ နောက်ခံလူ ကာဗာဂျယ်က မိနစ် ၂၀ မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး မနှစ်က တစ် ရာသီလုံး ဒဏ်ရာကြောင့် ပွဲထွက်ခွင့်နည်းပါးနေတဲ့ ဂါရတ်ဘေးလ်ကလည်း ဦးဦးဖျားဖျား ပထမဆုံး ပွဲမှာ ပွဲထွက်လာပြီး ဒီနှစ်အတွက် ပထမဆုံး ဂိုးကို ဒုတိယပိုင်း ၅၁ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
Photo - 10z Soccer
ရော်နယ်ဒို ထွက်ခွာသွားလို့ ၎င်းနေရာ အစားထိုးနိုင်မယ့် ကစားသမားကို ခေါ်မယ်လို့ အသံလွှင့်ခဲ့ပေမယ့်လည်း တစ်ကယ်တမ်း ခေါ်ဖြစ်ခဲ့တာက ဂိုးသမား ကော်တိုရစ်လောက်သာ လောက်လောက်လားလား ခေါ်ယူမှု ရှိခဲ့ပါတယ်။
ဒါကြောင့်မနေ့က အသင်းရဲ့ တိုက်စစ်ကို ဘေးလ်၊ဘန်ဇီးမားနဲ့ အဆန်စီရိုတို့က ဦးဆောင်သွားခဲ့ပေမယ့်လည်း ၃ ယောက်ပေါင်းမှ ဂိုးပေါက် တည့်မှု ၃ ကြိမ်သာရှိနေမှုကတော့ ရော်နယ်ဒိုနေရာ အပြည့်အ၀ အစားထိုးနိုင်ပြီလို့ဆိုဖို့ကတော့ စောပါသေးတယ်။
ရီးရဲအသင်းအနေနဲ့ လာမယ့် အပတ်မှာတော့ ဂျီရိုနာအသင်းကို အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဘယ်သူတွေက ခြေစွမ်းပြ ဂိုးတွေသွင်းပေးဦးမလဲ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Share