• ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ဂျူဗင်တပ်စ်ကို သတိပေးလိုက်တဲ့ အယ်လီဂရီ

အလွန်အမင်း ပျော်ရွှင်နေတဲ့အပေါ် သတိပေးလိုက်တာပါ။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အသင်းကို ရော်နယ်ဒို ရောက်ရှိလာပေမယ့်လည်း စိုးရိမ်စရာ အခြေအနေတွေ ရှိနေဆဲဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို ရောက်ရှိလာခဲ့အတွက် ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ အားကောင်းလာပြီလို့ အများက ယူဆနေချိန်မှာ အယ်လီဂရီက စိုးရိမ်မိတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

image
 

ဘလွန်းဒီအော (၅)ကြိမ် ပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီလအစပိုင်းမှာ ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့တော့မယ် သတင်းဟာ ဘောလုံးပရိသတ်များအကြား ရင်ခုန်စိတ်လှုပ်ရှားစရာ သတင်းဖြစ်ခဲ့ပါတယ်။

LA မှာ အာဂျင်တီးနားဂျာစီနဲ့ လျှောက်လည်နေတာ ဘာသဘောလဲ ပေါ့ဂ်ဘာ? 

image
 

ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ မတူညီတဲ့ အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်က ကစားသမားဘ၀ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

"ခရစ္စတီယာနိုက နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး အသင်းကို အများကြီး ကူညီပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဂရုစိုက်ရပါ့မယ်၊ အလွန်အမင်း ဝမ်းမြောက်နေတာတွေက မကောင်းပါဘူး၊ ဒီရာသီက ကျွန်တော်တို့အတွက် အခြားအသင်းတွေထက် ပိုမိုပြီးတော့ ခက်ခဲမှုတွေ ရင်ဆိုင်ရလာနိုင်ပါတယ်"

 

"ပြိုင်ဘက်တွေက ပိုပြီးတော့ ကျွန်တော်တို့ကို အာရုံစိုက်လာမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပွဲအများအပြားကို အနိုင်ရရှိနေတဲ့ အသင်းဖြစ်ပြီး အခုဆိုရင် တကယ့်စူပါစတား ကစားသမားတွေကိုလည်း ပိုင်ဆိုင်လာလို့ပါပဲ၊ အခု ကျွန်တော် ပြောတာကို သူတို့လည်း လက်ခံမယ်လို့ ထင်ပါတယ်၊ ရော်နယ်ဒိုအသင်းကို ရောက်လာတဲ့အတွက် ကျွန်တော်လည်း ပျော်ရွှင်မိသလို ရင်ခုန်စိတ်လှုပ်ရှားမိရပါတယ်" လို့ အယ်လီဂရီက ပြောဆိုခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ အားလပ်ရက် အနားယူနေဆဲဖြစ်ပြီး ICC ပွဲကိုလည်း အသင်းနဲ့အတူ ပါဝင်လာခဲ့ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈-၁၉ အီတလီစီးရီးအေ ဘောလုံးရာသီရဲ့ အဖွင့်ပွဲဖြစ်တဲ့ ချီယေဗိုနဲ့ ပွဲမှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ပွဲဦးထွက်ပွဲ ပါဝင်ကစားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က