အေးဂျင့်ရွိုင်အိုလာက ဆောင်ရွက်ပေးနေတာလို့ သိရပါတယ်။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းကိုးသောင်းအထိ ပေါ့ဂ်ဘာက ရရှိနေပြီး အသင်းရဲ့လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါ့ဂ်ဘာက အသင်းအနေနဲ့ သူ့ကို ဆက်လက်ထိန်းသိမ်းထားချင်ပါက ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒို ရရှိနေတဲ့ လုပ်ခလစာမျိုးကို ပေးချေဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းကိုးသောင်းအထိ ပေါ့ဂ်ဘာက ရရှိနေပြီး အသင်းရဲ့လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Tuttosport ရဲ့ ဖော်ပြချက်မှာတော့ ပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမားကို အိုးထရက်ဖို့ဒ်မှာ ပိုမိုကောင်းမွန်တဲ့ စာချုပ်တစ်ခုချုပ်ဆိုနိုင်ဖို့ အားထုတ်ပေးနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က ပေါ့ဂ်ဘာကို စိတ်ဝင်စားနေသလို ကစားသမားကလည်း အသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားမှုအပေါ်မှာ ရွိုင်အိုလာက အခွင့်အရေးရယူပြီး လစာတိုးမြှင့်တောင်းဆိုဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဂျူဗီမှာ တစ်နှစ်လုပ်ခ ပေါင် ၂၇ သန်းအထိ ရရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို အသင်းမှာဆက်လက်ထိန်းသိမ်းထားချင်နေပြီး လက်လွှတ်ဆုံးရှုံးမခံရဖို့ အစွမ်းကုန်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒီအတွက် ကစားသမားဘက်က တောင်းဆိုတဲ့အနေအထားကို လိုက်လျောဖွယ်လည်းရှိနေပါတယ်။

လက်ရှိမှာတော့ ပေါ့ဂ်ဘာက ဒဏ်ရာကြောင့် အနားယူနေရပြီး ယူနိုက်တက်အတွက် နောက်ဆုံး ၂ပွဲဆက် လွဲချော်ထားခဲ့ပါတယ်။ အသင်းရဲ့ အားအထားရဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာအနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် လီဗာပူးလ်နဲ့ပွဲကိုတော့ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က