၁.၄ ဘီလီယံထိ အသုံးပြုထားပါတယ်။

ဒီနှစ်မှာ ပရီးမီးယားလိဂ် အသုံးစရိတ်က စံချိန်နားကပ်တယ်ဆိုပေမယ့် ၂၀၁၅ ခုနှစ်တုန်းကလောက် မသုံးနိုင်တော့တာကိုတော့ တွေ့မြင်ရတယ်လို့ ဒန်ဂျိုးနက်စ်က ထောက်ပြထားပါတယ်။

ဥရောပ ထိပ်တန်းလိဂ် ၅ ခုရဲ့ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ ဈေးကွက် အသုံးစရိတ်ကို Deloitte သတင်းဌာ နရက စစ်တမ်းကောက်ယူထားရာမှာတော့ ပရီးမီးယားလိဂ်က အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

BBC SPORTရဲ့ ဖော်ပြချက်အရ ၂၀၁၉ နွေရာသီဈေးကွက်မှာ လိဂ် ၅ ခုပေါင်း ၅ ဘီလီယံထိရှိခဲ့ပြီး မနှစ်ကထက် ပေါင် သန်း၈၀၀ ကျော်ပိုမိုသုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒီအထဲမှာမှ ပရီးမီးယားလိဂ် ကလပ်တွေက ၁.၄ ဘီလီယံထိ အသုံးပြုခဲ့ပြီး လိဂ် ၅ ခုရဲ့ ထိပ်ဆုံးမှာ ဦးဆောင် နေတာပါ။



ဒုတိယနေရာမှာတော့ စပိန်ကလပ်တွေက ၁.၂ ဘီလီယံနဲ့ ၂၀၁၇ ခုနှစ်တုန်းက အသုံးစရိတ်ထက် ၂ ဆပိုမို မြင့်မားစွာ အသုံးပြုခဲ့ကြပါတယ်။

စစ်တမ်းကောက်ယူဖော်ပြခဲ့တဲ့ Deloitte ဂရုရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒန်ဂျိုးနက်စ်ကတော့ - “ ဥရောပ ကလပ်တွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်လာတဲ့ အရိပ်အခြေအနေမှာ အသုံးစရိတ်တွေ လျော့ချဖို့ အတွက် ကစားသမားတွေကိုလည်း ပြန်လည်ရောင်းချနေရပါတယ်။ ကျွန်တော့်အထင် ပရီးမီးယားလိဂ် ကလပ် တွေရဲ့ အသုံးစရိတ်က လျော့ကျလာတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်အသုံးစရိတ်က စံချိန်နားကပ်လောက်တယ်ဆိုပေမယ့် ၂၀၁၅ ကလောက်မသုံးနိုင်တော့ပါဘူး။” လို့ သုံးသပ်ပေးခဲ့ပါတယ်။

အလားတူ အကျိုးအမြတ် ရာခိုင်နှုန်းမှာလည်း ၂၀၁၁ ကထက် ၁၁ ရာခိုင်နှုန်းထိနည်းပါးသွားတာ ကိုလည်းထောက်ပြထားပါသေးတယ်။

လာမယ့်နှစ်မှာတော့ လုပ်ခလစာနှုန်းထားတွေက အကျိုးအမြတ် ခွဲဝေမှုထက် ပိုမို တိုးတက်လာဖို့ မျှော်လင့် နေတယ်လို့လည်း ဒန်ဂျိုးနက်စ်က ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က