စကားအနည်းငယ်ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းကြယ်ပွင့် ဒါဗီဒေးကာလာဘရီယာရဲ့အကြောင်းကို စုံစမ်းမေးမြန်းခဲ့ကြောင်း ကာလာဘရီယာရဲ့အေးဂျင့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေစီမီလန် နောက်ခံကစားသမား ကာလာဘရီယာဟာ စီးရီးအေမှာ တောက်ပလာဖို့ အလားအလာအရှိဆုံး



နောက်ခံကစားသမားတစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသူဖြစ်ပါတယ်။ ယခုရာသီမှာ အေစီမီလန်အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားပေးထားပြီး ပြီးခဲ့တဲ့ရာသီက ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ပါတယ်။

ဥရောပထိပ်တန်းအသင်းကြီးတွေက ကာလာဘရီယာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ မန်ယူအသင်းက မေးမြန်းစုံစမ်းမှုတွေတောင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ၎င်းရဲ့အေးဂျင့်က ပြောကြားခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်နဲ့ ထိပ်တန်းအသင်းတွေရဲ့စိတ်ဝင်စားမှု ခံနေရပါတယ်”

“ညှိနှိုင်းဆွေးနွေးမှုတွေတော့ အမှန်တကယ်မရှိလာသေးပါဘူး။ ဒါပေမယ့် သူတို့တွေ ဆွေးနွေးညှိနှိုင်းလိုစိတ်တော့ ရှိနေပါတယ်”

“ကျွန်တော် ဘယ်သူနဲ့မှ တစ်ခါမှ ထိုင်ပြီး မဆွေးနွေးဖူးပါဘူး။ ဘာလို့လဲဆိုတော့ သူ ဒီမှာပျော်ရွှင်နေလို့ပါ။ သူက ငယ်ရွယ်ပြီး မြင့်မားတဲ့အဆင့်အတန်းမှာ ကစားနေပါတယ်။ အဲဒီတော့ သူ့ကို ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားတယ်ဆိုတာ သာမန်ကိစ္စပါပဲ။ မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော့်ကို ဘယ်တုန်းကမှ ဖုန်းမခေါ်ခဲ့ဖူးပါဘူး။ စကားအနည်းငယ်ပြောတာထက် ကျော်လွန်ပြီး ဘာမှ မဖြစ်ခဲ့ပါဘူး။ မီလန်ထက် ပိုကောင်းတဲ့နေရာကို တွေ့ဖို့ခက်ပါတယ်”

“စိတ်ဝင်စားနေတဲ့အသင်းတွေလား။ ကျွန်တော် သူတို့ကို နာမည်တော့ တပ်မပြောချင်ပါဘူး။ ဒါပေမယ့် အင်္ဂလိပ်အသင်းတော်တော်များများနဲ့ စပိန်အသင်းတော်တော်များများတော့ ပါပါတယ်”

“စာချုပ်သစ် ချုပ်ဆိုဖို့ကတော့ ကြည့်ကြတာပေါ့။ အဲဒီကိစ္စကတော့ ရိုးရှင်းပါတယ်။ အသင်းက ဒေးဗစ်က စာချုပ်သစ် ချုပ်ဆိုဖို့ ထိုက်တန်လား၊ မထိုက်တန်ဘူးလားဆိုတာ ဆုံးဖြတ်မှာပါ။ အခုလိုအခြေအနေမျိုးနဲ့ပတ်သက်ပြီး စကားပြောဖို့ အချိန်ရှိမယ်လို့ ထင်ပါတယ်။ အခုကတော့ မှန်ကန်တဲ့အရာတစ်ခုမဟုတ်သေးပါဘူး”လို့ Calciomercato ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က