ယခုရာသီမှာ ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိသေးသူပါ။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ နည်းပြ အူနိုင်းအမ်မရီရဲ့လက်အောက်မှာ ပြီးခဲ့တဲ့အပတ်တွေတုန်းက အေးစက်ငြိမ်သက်နေခဲ့ပေမယ့်လည်း အမ်းမရိတ်ကို စွန့်ခွာဖို့ စိတ်ကူးမရှိကြောင်း ပြောကြားခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားပေးခဲ့ရသေးသူဖြစ်ပြီး ဝက်ဖို့ဒ်အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ၇၁ မိနစ် ပါဝင်ကစားပေးခဲ့သလို နော့တင်ဟမ်ဖောရက်စ်နဲ့ကစားခဲ့တဲ့ကရာဘောင်ဖလားပွဲမှာလည်း အလားတူ အချိန်ပမာဏလောက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ ရှောင်ပြေးတတ်တဲ့ပုံစံမျိုးရှိပေမယ့်လည်း နည်းပြအူနိုင်းအမ်မရီရဲ့ အသင်းခေါင်းဆောင် ၅ ဦးထဲမှာ တစ်ဦးအဖြစ် ပါဝင်နေသေးသူဖြစ်ပြီး အိုဇေးလ်က အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိပေမယ့်လည်း စာချုပ်သက်တမ်းကုန်တဲ့အထိ အမ်းမရိတ်မှာ နေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အသင်းကို မစွန့်ခွာပါဘူး။ ကျွန်တော် အသင်းနဲ့ ၂၀၂၁ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ကျွန်တော် အဲဒီအချိန်အထိ အသင်းမှာ ဆက်နေဦးမှာပါ”

“ကျွန်တော် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့အချိန်တုန်းက အဲဒီအကြောင်းကို သေသေချာချာဂရုတစိုက်နဲ့ တွေးခဲ့ပြီး အဲဒါက ကျွန်တော့်ကစားသမားဘဝရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုလို့ ပြောခဲ့ပါတယ်”


“ကျွန်တော် တစ်နှစ် ဒါမှမဟုတ် ၂ နှစ်လောက်ပဲ ထပ်မနေချင်ပါဘူး။ ကျွန်တော့်ရဲ့အနာဂတ်ကို အာဆင်နယ်အသင်းဆီမှာ ကတိကဝတ်ပြုချင်ခဲ့သလို အသင်းကိုလည်း အဲဒီအတိုင်းပဲ လုပ်စေချင်ခဲ့တာပါ”

“ခင်ဗျား ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ရနိုင်တယ်။ ဒါပေမယ့် အဲဒါက ထွက်ပြေးဖို့အတွက် အကြောင်းပြချက်မဟုတ်ပါဘူး။ ကျွန်တော် ဘယ်မှသွားမှာမဟုတ်ပါဘူး။ ကျွန်တော်ဒီမှာ အနည်းဆုံး ၂၀၂၁ ခုနှစ်အထိ ရှိနေမှာပါ”လို့ The Athletic ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က