ကာကွယ်ရေးပစ္စည်းမလုံလောက်မှုကြောင့် စေတနာ့ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

ဧရာဝတီတိုင်းက Quarantine စင်တာတချို့က စေတနာ့ဝန်ထမ်းတွေအနေနဲ့ စားသောက်ရေးအပိုင်းမှာ အခက်အခဲရှိနေသလို့ ကာကွယ်ရေးပစ္စည်းတွေအလုံအလောက်မရှိတဲ့ အခက်အခဲတွေလည်းရှိနေပါတယ်။

ကာကွယ်ရေးပစ္စည်းအနေနဲ့ N-95 mask တွေ အလုံအလောက်မရှိတာကြောင့် Surgical Mask တွေကို နှစ်ထပ်သုံးထပ် ထပ်ပြီးသုံးနေရတဲ့အတွက် ကာကွယ်ရေးပစ္စည်းတွေအလုံအလောက်တော့ လိုချင်ပါတယ်လို့ ဧရာဝတီတိုင်းမှာ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်နေသူ မအေးမြတ်မွန်က အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတင်ပြခဲ့ပါတယ်။



“ Quarantine စင်တာတွေမှာ ကာကွယ်ရေးပစ္စည်းအစုံလိုချင်ပါတယ်။အခုဆိုရင် ပုသိမ်က Quarantine စင်တာတွေမှာ N95 maskတွေက တစ်ခုကို (၈၀၀၀)(၉၀၀၀)လောက်ထိဖြစ်သွားတော့ လုံလောက်မှုမရှိတော့ဘူး။ Surgical mask တွေကိုပဲ နှစ်ထပ်သုံးထပ် ထပ်ပြီးသုံးနေရတဲ့အတွက် အထဲဝင်ရတဲ့အခါမှာ အရမ်းအန္တရာယ်များလို့ ကာကွယ်ရေးပစ္စည်းတွေအပြည့်အစုံလိုချင်ပါတယ်”လို့ မအေးမြတ်မွန်က ဒီနေ့မနက်ကပြုလုပ်ခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။ အခုလို ကာကွယ်ရေးပစ္စည်းတွေမလုံလောက်တဲ့အတွက် စေတနာ့ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ကြရတဲ့အခါမှာ စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

COVID-19ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့အခါမှာ ကာကွယ်ရေးပစ္စည်းက အမတန်မှအရေးကြီးတာကြောင့် Quarantine စင်တာတိုင်းမှာ ကာကွယ်ရေးပစ္စည်းများနဲ့ လိုအပ်ချက်တွေပြည့်စုံအောင် အထူးဂရုစိုက်လုပ်ဆောင်ပေးပါမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးပစ္စည်းတွေအပြင် အခက်အခဲရှိနေတဲ့ စားသောက်ရေးအပိုင်းမှာလည်း Quarantine ဝင်နေတဲ့သူတွေကော လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေအတွက်ပါ အားလုံးလုံလုံလောက်လောက်ဖြစ်အောင်လည်း မြို့နယ်ထွေအုပ်နဲ့ညှိနှိုင်းပေးပါမယ်လို့ပြေကြားခဲ့ပါတယ်။








ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က