YBS စနစ်အတွက် ထုတ်ချေးခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာာဏာပိုင် အဖွဲ့အောက်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲက ချေးပြန်ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်နေတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုသွားမယ်လို့ AYA ဘဏ်က ပြောပါတယ်။

ချေးငွေ ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်နေတဲ့ ကုမ္ပဏီတွေကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တွေ့ဆုံ ညှိနှိုင်း တောင်းခံခြင်း၊ ဘဏ်က တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း (Bank Notice) နဲ့ ဘဏ်ရှေ့နေက တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း (Legal Notice) များဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် အဲ့ဒီကုမ္ပဏီတွေကိုတရားစွဲဆိုသွားမယ်လို့သိရပါတယ်။

ချေးငွေထုတ်ပေးခဲ့ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့အများပြည်သူများ သွားလာမှု ပိုမို၊ ချောမွေ့ လွယ်ကူစေရေး အတွက် ရည်သန်ပြီး ဆောင်ရွက်တဲ့ YBS စီမံကိန်းကို အထောက်အကူပြုစေဖို့ ထုတ်ချေးပေးခဲ့တာလို့ဆိုပါတယ်။

YRTA ရဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကတော့ "ဆရာတို့တော့မဆိုင်ဘူး။ ပထမဆုံးကားကို သိန်းတစ်ထောင်ဝယ်တာက အစိုးရကလုပ်တာမဟုတ်ဘူး။ ကုမ္ပဏီကလုပ်တာ။အချက်လက်တွေမှားနေတယ်။ပထမချေးထားတဲ့ ရှစ်ဘီလျံက ပြန်ပေးပြီးသွားပြီ။ ဘာမှမရှိဘူး။ အဲ့ဒါက YBPC နဲ့ YUPT က ၄ ဘီလျံစီခွဲ၊ခွဲပြီးလုပ်ထားတာ။ ကျန်တာတွေကတော့ ဧရာဝတီတို့ကိုတိုက်ရိုက်မေးပါ။ ဆရာတို့ ပြောစရာမရှိပါဘူး။ YRTA နဲ့ပါတ်သတ်ပြီး အစိုးရကချေးထားတယ်ဆိုတဲ့ ၈ ဘီလျံကိုပြောတာပါ။ "လို့ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာာဏာပိုင် အဖွဲ့၊ Yangon Region Transport Authority (YRTA) အဖွဲ့ကို အကြောင်းကြား အကူအညီ တောင်းခံပြီး ချေးငွေပေးဆပ်ဖို့ပျက်ကွက်နေတဲ့ ကုမ္ပဏီေွကိုတရားစွဲဆိုရန် ဆက်လက် ဆောင်ရွက်နေတယ်လို့ AYA ရဲ့ မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က