ကမ္ဘာ့ယုံကြည်ထောက်ခံမှု အများဆုံး Consumer Electronics Magazines ၅၅ ခုနဲ့ဖွဲ့စည်းထားတဲ့ EISA ဟာ ယခုနှစ်အတွက် အကောင်းဆုံးစမတ်ဖုန်းဆုအဖြစ် Huawei P20 Pro ကို ရွေးချယ်ခဲ့ပါတယ်။
Photo: GSMArena
European Image and Sound Association (EISA) ရဲ့ Best Smartphone of the Year ဆုအဖြစ် Huawei P20 Pro ကို ချီးမြှင့်ရာမှာ ချီးကျူးလောက်တဲ့ အရည်အသွေး ၊ ဒီဇိုင်းနဲ့လုပ်ဆောင်ချက်များနဲ့ပြည့်စုံပြီး တမူထူးခြားတဲ့ Leica ရဲ့ ကင်မရာသုံးလုံးတွဲ စနစ်ကြောင့် သုံးစွဲသူများအတွက် အကောင်းဆုံး အတွေ့အကြုံများ ပေးစွမ်းနိုင်တာကြောင့် ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
Huawei P20 Pro ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Leica triple camers စနစ်များ ပါဝင်ထားပြီး 3x optical zoom နဲ့5x hybrid zoom ဆွဲနိုင်တဲ့ စနစ်များ ၊ Huawei ရဲ့ AI Image Stabilization နည်းပညာသစ်များနဲ့ထွက်လာပါတယ်။ ဒီဖုန်းရဲ့ အဆင့်မြင့် ကင်မရာစနစ်များကြောင့် Low Light ဓါတ်ပုံရိုက်ကူးရေးမှာ အကောင်းဆုံး ဓါတ်ပုံများ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ကင်မရာစနစ်အပြင် ပါးလွှာသပ်ရပ်တဲ့ ဒီဇိုင်းဖွဲ့စည်းမှု ၊ ထူးခြားတဲ့ ကာလာဆန်းများ ၊ super charge အားသွင်းနည်းပညာနဲ့တစ်နေ့တာ အသုံးခံတဲ့ 4000 mAh ဘက်ထရီ တို့လည်း ပါဝင်ထားပါတယ်။ Huawei P20 Pro ကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
EISA အဖွဲ့အစည်းမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ Consumer Electronics နယ်ပယ်မှ မီဒီယာများ ပါဝင်ထားပြီး ဓါတ်ပုံ ပညာရပ် ၊ မိုဘိုင်း ထုတ်ကုန်များ ၊ Hi-Fi ၊ အိမ်သုံး Home Theater Audio အသံနည်းပညာ ၊ Home Theater Display & Video နှင့် In Car Electronics ကဏ္ဍ ၆ခုမှာ အထူး လေ့လာမှု ပြုထားတာပါ။ ဒီဆုကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ EISA Awards အခမ်းအနားမှာ တရားဝင် ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
Photo: Smart Mash
Huawei P20 Pro အနေနဲ့အဆင့်မြင့်ဆုံး ၊ တီထွင်ဖန်တီးမှု အများဆုံး နဲ့နည်းပညာပိုင်းဆိုင်ရာ အမြင့်ဆုံး စမတ်ဖုန်း ဖြစ်တဲ့အပြင် မိုဘိုင်းလ်ဖုန်းဓါတ်ပုံ ပညာရပ်နယ်ပယ်မှာ လမ်းသစ်ထွင်နိုင်ခြင်းကြောင့် အကောင်းဆုံး စမတ်ဖုန်းဆု ပေးခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။ Huaewi ဟာ EISA ရဲ့ အသိအမှတ်ပြုမှုကို ၆ နှစ်ဆက်တိုက် ရရှိထားပါတယ်။