ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) မှာ စတင်လုပ်ဆောင်နေပါပြီ။

ကျောင်းသားတွေရဲ့ အချက်အလက်တွေကို မိုဘိုင်းဖုန်းတွေကနေ တစ်ဆင့် မိဘတွေကိုယ်တိုင် တိုက်ရိုက်ကြည့်ရှုနိုင်တဲ့စနစ်ကို TTC ကျောင်းမှာ စတင်မိတ်ဆက်လိုက်တယ်လို့သိရပါတယ်။



39442928_2148604665408747_8593811427049865216_n.jpg 

ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်၊ အားနည်းချက်၊ အားသာချက်တွေ၊ ကျောင်းခေါ်ချိန် ၊ ကြေညာချက်တွေ စတဲ့ အခြေအနေအားလုံးကို E-school အက်ပလီကေးရှင်း ကတစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါစနစ်ကို ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းTTC မှာ လာမယ့် အောက်တိုဘာလမှာ စတင်အသုံုးပြုသွားမယ်လို့ TTC ကျောင်းရဲ့ ကျောင်းအုပ် ဒေါက်တာ မိုးသူ က ပြောပါတယ်။

“အက်ပလီကေးရှင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်တွေက တရားဝင်ဆိုတော့  မိဘတွေအနေနဲ့ ကြားစကားကို ယုံစရာမလိုတော့ဘူး။ တစ်ခုခုဆို ဒီထဲမှာကြည့်လိုက်တာနဲ့ အားလုံးသိနိုင်အောင် လုပ်မှာပါ” လို့  ဒေါက်တာမိုးသူက ပြောပါတယ်။

ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့  ဒေါ်စုမွန်ကလည်း“မိဘတွေအနေနဲ့ ကျောင်းကိုဝင်ထွက်ပြီး ကိုယ့်ကလေး ဘာလုပ်နေလဲဆိုတာကို ကြည့်ဖို့က အဆင်မပြေနိုင်ဘူး။ အခု အက်ပလီကေးရှင်းကနေ တစ်ဆင့်ကိုယ့်ကလေးရဲ့ အခြေအနေကို သိနိုင်တော့ ပိုအဆင်ပြေပါတယ်” လို့ ပြောပါတယ်။

လက်ရှိတော့ TTC ကျောင်းမှာ တတ်ရောက်နေတဲ့ ကျောင်းသား ၇၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ထည့်သွင်းနေပြီး ဆရာဆရာမတွေ၊ ကျောင်းသားမိဘတွေကို အသုံးပြုနည်းတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

Eschool အက်ပလီကေးရှင်းကို ပုဂ္ဂလိက အထက်တန်းကျောင်းအချို့မှာ အသုံးပြုနေပြီး အစိုးရကျောင်းအနေနဲ့ကတော့ TTC ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းကတော့ ပထမဆုံးဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က