• ကျောဘက် ကင်မရာ ၃ လုံးပါ LG ဖုန်းသစ် ဒီဇိုင်းများ ထွက်ပေါ်လာ

ရှေ့နောက် ကင်မရာ ၅ လုံး သုံးမှာပါ

အောက်တိုဘာလဆန်းပိုင်းမှာ မိတ်ဆက်သွားမယ့် LG V40 ThinQ ကတော့ ကင်မရာ ၅ လုံးထိ ပါလာမယ့် ဖုန်းဖြစ်ဖို့ရှိပါတယ်။

Capture.PNG

Photo: The Verge

 

နာမည်ကြီး စမတ်ဖုန်း သတင်းသမား အီဗန်ဘလတ်ကတော့ ThinQ နည်းပညာသစ်ကို သုံးလာမယ့် LG V40 ThinQ မှာ ရှေ့ကင်မရာ ၂ လုံး နောက် ကင်မရာ ၃ လုံးပါမယ်လို့ပထမဆုံး ဖော်ပြလိုက်တာပါ။

မျက်နှာပြင် ၆.၄ လက်မအရွယ် ဒီဖုန်းဟာ လိုသလို hide လုပ်ထားနိုင်မယ့် notch display ပါပြီး အောက်ခြေမှာ chin အသေးတစ်ခု သုံးထားမှာ ဖြစ်ပါတယ်။

ဒီဖုန်းရဲ့ ထူးခြားချက်က ကင်မရာ စနစ်ဖြစ်ပြီး triple lens စနစ်ကို ပထမဆုံး သုံးသွားမှာပါ။ ရှေ့ဘက်မှာ dual selfie ကင်မရာများ ပါလာပြီး ကျောဘက်မှာ fingerprint နဲ့အတူ အလျားလိုက် triple lens တွေ ပါဝင်လာမယ်လို့ဆိုပါတယ်။ မှန်ကိုယ်ထည်ဘေးမှာ Google Assistant ခလုတ်ပါရှိမှာပါ။

ရှေ့notch ထဲက ကင်မရာနှစ်လုံးအနက် တစ်ခုဟာ 3D မျက်နှာပြင်ဖတ်စနစ်မှာ သုံးဖို့ အနီအောက်ရောင်ခြည် IRစနစ် သုံးနိုင်မယ်လို့သတင်းထွက်ထားပါတယ်။ ကျောဘက် ကင်မရာအကြောင်း နဲ့ဘက်ထရီပါဝါကို မသိရသေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် ဒီဖုန်းဟာ high-end မော်ဒယ်ဖြစ်လို့နောက်ဆုံးထွက် processor ပါလာမှာပါ။

 

LG ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် flagship မော်ဒယ် V40 ThinQ ကို လာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ကြေငြာထားပါတယ်။ ဒီပွဲမှာပဲ LG V40 ThinQ ရဲ့ အကြောင်းအသေးစိတ်ထပ်မံ ကြားသိရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က