လာမယ့် ဗုဒ္ဓဟူး(သို့)ကြာသပတေးနေ့မှာ စာချုပ်ချုပ်ဆိုဖို့ရှိနတယ်လို့ ထိုင်းကလာတဲ့သတင်းတွေအရ သိရတာ လည်း ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုကို ထိုင်းလိဂ်(၁)ကလပ် ဆာမတ် ပရာကန် အသင်းက ခေါ်ယူနိုင်ဖို့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုအခါမှာတော့ ပရာကန်အသင်းဟာ ကျော်ကိုကိုကို အပြီးသတ်စာချုပ်ချုပ်တော့မှာ ဖြစ်ပြီး ဒီတစ်ပတ်အတွင်း စာချုပ်ချုပ်ဖွယ်ရှိနေတယ်လို့ ထိုင်းဖက်က သတင်းမီဒီယာတွေက ရေးသားဖော်ပြလာပါပြီ။

ကျော်ကိုကိုကို PRO 24 အေဂျင်စီက ချိတ်ဆက်ဆောင်ရွက်ပေးနေတာ ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းက လည်း ထိုင်းကလပ်မှာ ကစားဖို့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။
မနှစ်က ချင်းရွိုင်မှာ သွားကစားစဉ် ဒူးဒဏ်ရာရရှိခဲ့လို့ ၆ လကျော် ၇ လလောက် အနားယူခဲ့ရာမှ အခုအခါမှာ ပြန်လည်သက်သာလာခဲ့တာကြောင့်လည်း အသင်းသစ်ကို ထပ်မံ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အောင်သူ၊စည်သူအောင်၊ဇော်မင်းထွန်းနဲ့ သိန်းသန်းဝင်းတို့ရှိနှင့်နေပြီ ဖြစ်လို့ ကျော်ကိုကိုအနေနဲ့ ထိုင်းလိဂ်(၁)ကို ဒီနှစ်မှာ သွားကစားမယ့် ၅ ဦးမြောက် ကစားသမားလည်း ဖြစ်လာတော့ မှာ ဖြစ်ပါတယ်။