ကြည့်မြင်တိုင် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ၂ မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသူ ၂ ဦးဟာ ကြည့်မြင်တိုင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းကို လွဲမှားရောက်ရှိလာခဲ့ကြပါတယ်။
ဒါကြောင့် အဆိုပါ ကျောင်းသူ ၂ ဦးကို အချိန်မီ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကြည့်မြင်တိုင် အ.ထ.က (၁ ) ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နဲ့ သက်ဆိုင်ရာ တာဝန်ကျတပ်ဖွဲ့ဝင်တွေက မီးတန်ယာဉ်နဲ့ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စမ်းချောင်းမြို့နယ်တွင် အ.ထ.က( ၂) စမ်းချောင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းလွဲမှား ရောက်ရှိလာတဲ့ ကျောင်းသားတစ်ဦးကိုလည်း အချိန်မီ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတေဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တွေက ဖြေဆိုရမယ့် အ.ထ.က(၂) ကြည့်မြင်တိုင်ကို မီးတန်းဆိုင်ကယ်နဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
ဒီနေ့ မတ်လ ၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို စတင်ကျင်းပတာဖြစ်ပြီး မြန်မာဘာသာရပ်ကို ဖြေဆိုနေကြပြီဖြစ်ပါတယ်။