ဇူလိုင်လ ထဲက ပုံစံပဲ တနင်္သာရီအစပြုပြီး ရေပြန်တက်နေပါတယ်။

တနင်္သာရီမြို့နယ်မှာ မိုးဆက်တိုက်ရွာနေလို့ သြဂုတ်လ ၇ ရက်နေ့ကစပြီး တနင်္သာရီမြစ်ရေပြန်တက်လာတာကြောင့် ဒုတိယအကြိမ် ရေကြီး ရေလျှံတာတွေဖြစ်ပေါ်နေ တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

Photo - Aung Kyaw Hein Facebook

 

သြဂုတ် ၇ ရက် နေလယ်ပိုင်းမှာ တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၇ ပေကို ကျော် လွန်ပြီး အန္တရာယ်မှတ် ၂၃ ပေ ၇ လက်မအထိ ရောက်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက လူမှုကွန်ရက်ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

ဇူလိုင် ၁၇ ရက်က စတင်ပြီး တနင်္သာရီမြို့မှာ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးရှောင် စခန်းတွေမှာ သွားခိုလှုံခဲ့တဲ့ မြို့ခံတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကျသွားလို့ အိမ်ပြန်သွားခဲ့ကြပြီးနောက်ခုလို ပြန်ပြီးရေတက်လာတာဖြစ်ပါတယ်။

Photo - Aung Kyaw Hein Facebook

 

လက်ရှိမှာ ရေဘေးသင့်ပြည်သူ ၂၄၀၀၀ ကျော်ရှိပြီး လူ ၆၀၀၀ ကျော်ဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ လက်ရှိအချိန်မှာ စားနပ်ရိက္ခာတွေ ဝေငှပေးထားပြီး နောက်ရက်တွေအတွက် ရိက္ခာလိုအပ်နေတယ်လို့ သိရပါတယ်။

အရင်က ရေကြီးလေ့ရှိပေမယ့် ခုလောက်မကြာတာဖြစ်ပြီး ခုလို ရက်အကြာကြီး ရေဆက်ကြီးနေမယ်ဆိုရင် ရေဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေအတွက် စားရေးသောက်ရေး အခက်အခဲဖြစ်လာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။

 

 

Share

Loading Next Article...
က္က