ယာဉ်မတော်တဆမှုအတွင်း အကြီးစားဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးလ်ဟာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပေမယ့် အသက်အန္တရာယ်က လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဘုန်းမောက်အသင်းကနေ ရိန်းဂျားအသင်းကို အငှားစာချုပ်နဲ့သွားရောက်ကစာနေတဲ့ ပရီးမီးယားလိဂ်  ဝါရင့်တိုက်စစ်မှူးဂျာမိန်းဒီဖိုးလ်ဟာ ပြီးခဲ့တဲ့ စနေနေ့က စကော့တလန်နိုင်ငံမှာ ယာဉ်မတော်တဆမှုဖြစ်  ပွားခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း အသက်အန္တရာယ်မရှိခဲ့ဘူးလို့ dailymail ရဲ့ဖော်ပြချက်  အရ သိရပါတယ်။

အသက် ၃၆နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ အခုနှစ်အစကမှ လက်ရွေးစင်အသင် း  ဖော်ဟောင်းစတီဗင်ဂျရတ်တာဝန်ယူကိုင်တွယ်နတဲ့ ရိန်းဂျားအသင်းကို ၁၈လအငှားစာချုပ်နဲ့လာရော  က်ကစားနေခဲ့တာဖြစ်ပြီး လက်ရှိမှာ ၂၂ပွဲကစား ၁၃ဂိုးသွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြနေသူလည် းဖြစ်ပါ  တယ်။



စကော့တလန်ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်အရ ဂလက်စ်ကိုဥမင်လှိုဏ်ခေါင်းအနီး ဒီဖိုးလ်မောင်းနှ င်လာ တဲ့ကားအပါအဝင်  ယာဉ် ၃စီးမတော်တဆတိုက်မိခဲ့တာဖြစ်ပြီး ယာဉ်ပျက်စီးမှုရှိခဲ့တာကလွဲလို့  တစ်ဦး တစ်ယောက်မှ အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

“ တကယ်ကို သွေးပျက်ဖွယ်အခြေအနေကိုရင်ဆိုင်ခဲ့ရတာပါ။ တဒင်္ဂဖြစ်ခဲ့တဲ့အခြေအနေမှာ ဘာမှမ  လုပ်တတ်အောင်ကို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အန္တရာယ်အားလုံးကနေလွတ်မြော က်ခဲ့ပါတယ် ” လို့ ဒီဖိုးလ်က အဖြစ်အပျက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေအရ မတော်တဆဖြစ်ပွားခဲ့တဲ့ မော်တော်ယာဉ် ၃စီးလုံး ဆိုးရွားစွာပျက်စီးခဲ့  တာဖြစ်ပြီး ဒီဖိုးလ်ရဲ့ Range Rover ကားမှာလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ဖြစ်စဉ်မတိုင်မီမှာ သာ မန်ထက်ပိုများတဲ့ အရှိန်တစ်ခုနဲ့မောင်းနှင်ခဲ့တာဖြစ်တယ်လို့လည်း မျက်မြင်တစ်ဦးရဲ့ထုတ်ဖော ် ပြောဆိုမှုကို dailyexpress က ဖော်ပြလာပါတယ်။

Share

Loading Next Article...
က္က