ယနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

ချဲလ်ဆီးကတော့ လူငယ်ကစားသမားအများစုနဲ့အတူ ခရီးဆက်နေဆဲပါပဲ။ ပြိုင်ဘက်ဘရိုက်တန်အသင်းကလ ည်း ရာသီအစထင်သလောက်အလုပ်မဖြစ်သလို ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ လိုအပ်ချက်ရှိနေဆဲပါ။ အထူးသ ဖြင့် နှစ်သင်းလုံးရဲ့ခံစစ်ပိုင်းက အားကိုးရလောက်တဲ့အခြေအနေရှိမနေဘူးဆိုတာ အားလုံးအသိပါ။ ဒါပေမဲ့ချဲလ် ဆီးရဲ့ အိမ်ကွင်းခြေစွမ်းကတော့ အသင်းကြီးတစ်သင်းပီပီ အသင်းတိုင်းကိုစိန်ခေါ်နိုင်ဆဲဆိုတာ လက်မခံလို့မရ ပါဘူး။ ဘရိုက်တန်တို့အတွက် အဝေးကွင်းမှာ အမြင့်ဆုံး သရေတစ်မှတ်ပဲရနိုင်တဲ့အခြေအနေမှာ ချဲလ်ဆီးကလ ည်း ပေးဂိုးများနေဦးမလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရဖို့ရှိနေပါတယ်။


ျဲလ်ဆီး Vs ဘရိုက်တန်

ထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီး ၃-၀ ဘရိုက်တန်

ဘရိုက်တန် ၁-၂ ချဲလ်ဆီး

ဘရိုက်တန် ဝ-၄ ချဲလ်ဆီး

ချဲလ်ဆီး ၂-၀ ဘရိုက်တန်

ချဲလ်ဆီး ၂-၀ ဘရိုက်တန်


ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ချဲလ်ဆီး ၁-၂ လီဗာပူး

ဝုလ်ဗာဟမ်တန် ၂-၅ ချဲလ်ဆီး

ချဲလ်ဆီး ၂-၂ ရှက်ဖီးလ်ယူနိုက်တက်


ဘရိုက်တန်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

နယူးကာဆယ် ဝ-၀ ဘရိုက်တန်

ဘရိုက်တန် ၁-၁ ဘန်လေ

မန်စီးတီး ၄-၀ ဘရိုက်တန်



နှစ်ဖက်အသင်းသတင်းများ

·အီမာဆန်၊ ရူဒီဂါဒဏ်ရာမသက်သာသေးသလို ခရစ္စတီယန်ဆန်ကလည်း ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေ လို့ အလွန်ဆို၊ အက်ဇ်ပီလီကွီတာ၊ ဇူးမားတို့ ပွဲထွက်လာနိုင်။

·အဓိက,ကစားသမားအများစုဒဏ်ရာပြဿနာရှိနေခဲ့ပြီး ခံစစ်ပိုင်းအတွက် လိုအပ်ချက်မြင့်မားနေခဲ့။

·ရီဆီဂျိမ်းစ်၊ ဟမ်ဆန်အော့ဒွိုင်းတို့ ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့အတွက် နည်းပြလမ်းပတ်ရဲ့ လူစာရင်းအတွင်း ပါဝင်ခွင့်ရဖို့သေချာနေ။

·၃-၄-၃ ကစားကွက်နဲ့အလုပ်ဖြစ်နေတဲ့ ဘရိုက်တန်ရဲ့တိုက်စစ်ကို မာပေးလ်၊ ဂရော့ဘ်၊ မာရေးလ်တို့ဦး ဆောင်လာဖို့ရှိနေခဲ့။


ပွဲကြိုအချက်အလက်

·ပြိုင်ပွဲစုံနောက်ဆုံး ၁၂ပွဲထိပ်တိုက်တွေ့ဆုံမှုမှာ ဘရိုက်တန်က ၁ကြိမ်နိုင် ၁ကြိမ်သရေကျထားပြီး ချဲ လ်ဆီး က ၁၀ကြိမ်အထိအနိုင်ရရှိထား။

·နောက်ဆုံး ၅ပွဲကစားထားရာမှာ ဘရိုက်တန်တို့ ၁ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှုံးထားပြီး ၄ဂိုးသွင်းပြီး ၉ဂိုးအထိပြ န်ပေးထားရ။

·ချဲလ်ဆီးကတော့ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၂ပွဲနိုင် ၂ပွဲရှုံး ၁ပွဲသရေကျထားပြီး ၁၅ဂိုးသွင်းထားပြီး ၈ဂိုးေ ပးထား။

·ဘရိုက်တန်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်း ၇ပွဲမှာ သွင်းဂိုးမရတဲ့ပွဲ ၅ပွဲအထိ ရှိနေ။


ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

ချဲလ်ဆီး - လော့ဖ်တပ်ချိဖ်၊ ရူဒီဂါ၊ အီမာဆန်၊ ခရစ္စတီယန်ဆန်၊ ဂီရော့ဒ်(ကြံ့ခိုင်မှုမပြည့်ဝ)။

ဘရိုက်တန် - ဂျို့စ်၊ ချီလိုတို၊ ဘာလိုဂန်၊ ရှောင်ဒက်ဖီ၊ ဘာနာဒို၊ ဆိုလိုမာ့ချ်။


မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

ဘရိုက်တန်အနေနဲ့ နယူးကာဆယ်ကိုအကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တယ်။ ချဲလ်ဆီးကတော့ လီဗာပူးကိုခက်ခက်ခဲ ခဲကစားပြီး ပွဲကြပ်တစ်ခုအဖြစ်ဖြတ်သန်းခဲ့ရတယ်။ လက်ရှိအချိန်အထိချဲလ်ဆီးရဲ့ခံစစ်ပိုင်းကလိုအပ်ချက်ရှိနေဆဲ ဖြစ်ပေမယ့် ဘရိုက်တန်တိုက်စစ်ကိုတော့ ပွဲချိန်ပြည့်ထိန်းနိုင်မှာပါ။ ဒဏ်ရာရကစားသမားများနေတဲ့ ဘရိုက်တန် အနေနဲ့ ကလည်း ချဲလ်ဆီးဆီကနေ အမှတ်ရယူနိုင်ဖို့ဆိုတာ အခြေအနေတော်တော်လေးကိုနည်းပါးလွန်းပါတယ်။

ချဲလ်ဆီး ၂-၀ ဘရိုက်တန်

Share

Loading Next Article...
က္က