အင်္ဂလန်လူငယ်တိုက်စစ်မှူးအေဘရာဟင်အနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ဂိုးအနဲ့အတူ ချဲလ်ဆီးအ သင်းရဲ့ လက်ရှိရာသီသွင်းဂိုးအများဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်နေခဲ့သူပါ။
ယူရို၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ်ဖြစ်လာနိုင်တယ်လို့ ယူဆထား တဲ့ ချဲလ်ဆီးလူငယ်တိုက်စစ်မှူးအေဘရာဟင်အနေနဲ့ အသင်းဘက်ကနေကမ်းလှမ်းလာတဲ့သက်တမ်း တိုးစာချုပ်ကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ mirror.co.uk ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ လက်ရှိရာသီအသင်းရဲ့တိုက်စစ်မှာ ၀ါရင့်ကစားသမားဂီရော့ဒ်၊ ဘတ် ရှုဝါရီတို့ရှိနေပေမယ့် လူငယ်ကစားသမားအေဘရာဟင်ကို ပိုပြီးအခွင့်အရေးပေးအသုံးပြုခဲ့ပေမယ့် က စားသမားဖြစ်သူရဲ့ ဆုံးဖြတ်ချက်က အသင်းအတွက် အခက်အခဲအချို့ရှိလာစေခဲ့တာလည်းဖြစ်ပါတ ယ်။
Dailymail ရဲ့ဖော်ပြချက်မှာတော့ အေဘရာဟင်အနေနဲ့ အသင်းကကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ရဲ့လုပ် ခလစာပမာဏနည်းပါးနေခဲ့ခြင်းအပေါ် လက်မခံခဲ့တာဖြစ်ပြီး အသင်းဖော်ဟက်ဆန်အော့ဒွိုင်းရရှိနေတဲ့ တစ်ပတ်လုပ်ခလစာပေါင် ၁၈၀,၀၀၀ ရရှိလိုအပ်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။
လက်ရှိမှာ ဒဏ်ရာပြဿနာကြောင်း အနားယူနေရတဲ့ အေဘရာဟင်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့အတူ စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေသေးတာဖြစ်ပြီး ကစားသမားဖြစ်သူက အခုလိုငြင်းပယ်ခြင်းကအနာ ဂတ်အခြေအနေအတွက် ဆိုးကျိုးများရှိလာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေခဲ့တာပါ။
ဆက်စပ်သတင်းများအရ အေဘရာဟင်ရဲ့ တောင်းဆိုမှုကြောင့် နည်းပြလမ်းပတ်အနေနဲ့ ခေါင်းခဲစရာ ဖြစ်လာခဲ့ပြီး လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုဝါလ်နာ၊ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီတို့ကို ခေါ်ယူလိုနေတဲ့ အစီအစဉ်မှာလည်း ရာသီကုန်မှာသေချာပေါက်ဖြစ်ပေါ်လာနိုင်ခြေရှိနေတယ်လို့လည်း metro ကဖော် ပြလာခဲ့ပါသေးတယ်။