• မောင်ချိုဘက်က မားမားမတ်မတ် ရပ်တည်လိုက်တဲ့ ဇေရဲထက်

တကယ့် အမာခံ အားပေးတဲ့သူလို့ ပြောရမှာဘဲ။

သရုပ်ဆောင် ဇေရဲထက်က Myanmar Idol Season 3 ရဲ့ Top Finalist ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဘက်ကနေ မားမားမတ်မတ် ကို ရပ်တည် လိုက်ပါတယ်။ သူ့မှာသာ သိန်း(၁၀၀)ပေးနိုင်စွမ်းရှိရင် Vote ပေးတာထက် အပြင်မှာ ပွဲလုပ်ပြီး ဆုချပြစ်မှာဆိုပြီး ပြောထားတာ တွေ့ရပါ တယ်။

image
 

သရုပ်ဆောင် ဇေရဲထက်က Myanmar Idol Season 3 ရဲ့ Top Finalist ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဘက်ကနေ မားမားမတ်မတ်ကို ရပ်တည် နေသူ တစ်ဦးဖြစ်ပါတယ်။ ပင်ကိုယ်အသံရှိပြီး ရိုးသားဖြူစင်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်သူမို့ သူ့အနေနဲ့ အားပေးဖြစ်တာလို့ ဆိုပါတယ်။ ဇေရဲထက်ဟာ မောင်ချိုကို သိန်းတစ်ရာဖိုး Vote ပေးတယ်ဆိုတဲ့ သတင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ရှဲရင်း သူ့မှာသာ သိန်း(၁၀၀) ပေးဖို့ ရှိခဲ့ရင် မောင်ချိုကို Vote ပေးတာထက် အပြင်မှာ ပွဲလုပ်ပြီး ဆုချပြစ်မှာဆိုပြီး ပြောထားတာတွေ့ရပါတယ်။

 

"သိန်းတစ်ရာတော့ Vote မပေးဘူး။ တက်ပြီးဆုချပြစ်မှာ ။တိုက်ရိုက်အပြင်မှာ ပွဲလုပ်ပြီး ငါ့ညီမတစ်ယောက်တည်းပိုင်ဆိုင်ပါစေ။ ပေးနိုင်ခဲ့ရင် စိတ်ကူးပေ့ါ။ ပင်ကိုယ်အသံရှိပြီး ရိုးသားဖြူစင်တဲ့ နှလုံးသားပိုင်ရှင်မို့ပါ။ စိတ်ထားရိုးသားရင် မျက်နှာမှာပေါ်ပါတယ်။ အဓိကက မျက်လုံးပေါ့။ ကျွန်တေ်ာအကြိုက်ပေ့ါနော်။ ဘယ်သူမှ မထိခိုက်ပါဘူး။ လူတိုုင်းအကြိုက်တစ်မျိုးစီ ရှိတဲ့အတွက် ကျွန်တော့်ခံစားမှု မှားကောင်းမှားနိုင်မယ်။ ဒါပေမယ့် ကျွန်တော်ကြိုက်တဲ့အတွက် အမှားလို့မမြင်သလို သူ့မှာ ထူးခြားတဲ့ အရည်အချင်းနဲ့ တောက်ပမှုတွေ  ထင်းနေတယ်ဆိုတာ ကျွန်တော်မြင်လို့ပါ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မောင်ချိုနဲ့ ပတ်သက်ပြီး ရေးသားထားတာပါ။

ဇေရဲထက်ဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်မောင်ချိုကို ပြိုင်ပွဲဝင်တစ်လျှောက်လုံးအားပေးခဲ့တာ တွေ့ရပါတယ်။ Myanmar Idol Season 3 ရဲ့ Grand Final အတွက် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ ရင်ခုန်နေသလိုပဲ ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ပြိုင်ပွဲဝင် Winner ဖြစ်မလားဆိုတဲ့ ခံစားချက်တွေနဲ့ ရင်ခုန်နေကြပါတယ်။

Myanmar Idol Season 3 ရဲ့ Grand Final ပွဲကို သြဂုတ်လ(၁၁) ရက်နေ့ စနေ့ညမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ဇေရဲထက်က လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။ ပရိသတ်တွေအတွက် သူ့ရဲ့ အနုပညာအလုပ်တွေ ကိုအ ကောင်းဆုံးဖြစ်အောင်ကြိုးစားနေသူပါ။ ဇေရဲထက်ဟာ မိန်းကလေးပရိသတ်များရဲ့ အားပေမှုကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတဲ့ ဇေရဲထက်ဟာ မကြာသေးခင်က ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုလည်း တည်ထောင်ထားတယ်လို့ သိရပါတယ။်


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က