ပရီးမီးယားလိဂ်ပွဲစဉ်- ၄ ရဲ့စနေညပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူး၊ မန်စီးတီးတို့ကတော့ ရလ ဒ်ကောင်းတွေဆက်ပြီးရနေဆဲပါ။ အသင်းင ယ်အချို့ရဲ့ မထင်မှတ်ထားတဲ့ ခြေစွမ်းကောင်းကြောင့် အသင်းကြီးအချို့အခက်တွေ့ခဲ့ရတာကလည်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲစဉ် တွေဆိုတာ သက်သေပြနေခဲ့ပါတယ်။
တနင်္ဂနွေပွဲစဉ်မှာတော့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်- စပါးထိပ်တိုက်တွေ့ဆုံမှုကလည်း တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းနေ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၃ မှာပြိုင်ဘက်တွေကို ကိုယ်စီအရေးနိမ့်ခဲ့တဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုက ပြိုင်ဆိုင်မှုအမြင့်ဆုံးမှာရှိနေမှာပါ။ လန်ဒန်ဒါဘီမှာ အပြင်းထန်ဆုံးပွဲစဉ်လို့ ပြောလို့ရတဲ့ မြောက်ပိုင်းဒါဘီပွဲစဉ်မှာ အသာရသွားမယ့်အသင်းက စပါး လား….. အာဆင်နယ်လားဆိုတာကတော့ . . .။
အာဆင်နယ် Vs စပါး
ထိပ်တိုက်တွေ့ဆုံမှု
- စပါး ၁-၁ အာဆင်နယ်
- အာဆင်နယ် ဝ-၂ စပါး
- အာဆင်နယ် ၄-၂ စပါး
- စပါး ၁-၀ အာဆင်နယ်
- အာဆင်နယ် ၂-၀ စပါး
အာဆင်နယ်အသင်း၏ နောက်ဆုံး ၃ပွဲရလဒ်
- လီဗာပူး ၃-၁ အာဆင်နယ် (ပရီးမီးယားလိဂ်)
- အာဆင်နယ် ၂-၁ ဘန်လေ (ပရီးမီးယားလိဂ်)
- နယူးကာဆယ် ဝ-၁ အာဆင်နယ် (ပရီးမီးယားလိဂ်)
စပါးအသင်း၏ နောက်ဆုံး ၃ပွဲရလဒ်
- စပါး ဝ-၁ နယူးကာဆယ် (ပရီးမီးယားလိဂ်)
- မန်စီးတီး ၂-၂ စပါး (ပရီးမီးယားလိဂ်)
- စပါး ၃-၁ အက်စတွန်ဗီလာ (ပရီးမီးယားလိဂ်)
နှစ်ဖက်အသင်းသတင်းများ
- အာဆင်နယ်အနေနဲ့ ခံစစ်ကစားသမားအချို့ဒဏ်ရာရရှိနေခြင်း၊ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေခြင်းတို့ေ ကြာင့် အခက်တွေ့နေ။
- စပါးအသင်းအနေနဲ့ ဗာတွန်ဂန်၊ အဲရစ်ဆင်တို့နှစ်ဦးလုံးကို ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုဖွယ် ရှိနေခဲ့။
- အာဆင်နယ်နည်းပြအနေနဲ့ ၄-၂-၃-၁၊ ၄-၃-၁-၂ ကစားကွက်အခြေခံကို အသုံးပြုဖို့ရှိနေပြီး လာကာဇ က်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖွယ်ရှိ။
- စပါးတိုက်စစ်ကို ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ အဓိက ဦးဆောင်လာဖို့ရှိနေပြီး လာမယ်လာ၊ ဟယ်ရီ ဝင်ခ့်တို့ပါဝင်လာဖွယ်ရှိနေ
ပွဲကြိုအချက်အလက်
- အာဆင်နယ်အနေနဲ့ စပါးကိုရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၀ပွဲမှာ ၂ပွဲသာနိုင်ထားပြီး ၃ပွဲရှုံး ၅ပွဲသရေကျထားခဲ့။
- စပါးအသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့အိမ်ကွင်းကို သွားကစားခဲ့တဲ့နောက်ဆုံး ၂၆ပွဲမှာ ၁ပွဲသာနိုင် ခဲ့ဖူးပြီး ၁၀ပွဲသရေ ၁၅ပွဲရှုံးပြီး ၂၀၁၀ နောက်ပိုင်းအနိုင်ရရှိထားခြင်းမရှိ။
- အာဆင်နယ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၁၁ပွဲမှာ အနည်းဆုံးသွင်းဂိုး ၂ဂိုးရခဲ့တဲ့ပွဲက ၁၀ပွဲ အထိရှိနေ။
- အစဉ်အလာအရ ပြိုင်ပွဲစုံနောက်ဆုံး ၁၇၂ပွဲထိပ်တိုက်တွေ့ဆုံထားရာမှာ အာဆင်နယ်က အကြိမ်၇၀နိုင်၊ သရေ ၄၈ ကြိမ်ကျခဲ့ပြီး စပါးက ၅၄ကြိမ်ပြန်အနိုင်ရထား။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဒဏ်ရာရာ/ပွဲပယ်
- အာဆင်နယ် - ဘယ်လာရင်၊ မာ့ဗ်ရိုပါနို့စ်၊ တီယာနေးလ်၊ အိုဇေးလ်
- စပါး - အမ်ဒွန်ဘီလီ၊ ဆက်ဆဂနွန်၊ ဒီရာ၊ ဝေါ်လ်ကာပီတာ
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်
- စပါးတို့ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ နယူးကာဆယ်နဲ့ပွဲမှာ ၄မှတ်ရထားတဲ့အတွက် ရုန်းကန်ရဖို့ရှိနေပါတယ်။ အာဆင်နယ်ကလည်း လီဗာပူးနဲ့ပွဲမှာထင်သလောက် အလုပ်မဖြစ်ခဲ့ဘူး။ စပါး အသင်းအတွက်ကတော့ အဲရစ်ဆင် အပေါ်မှာမူတည်နေခဲ့တယ်။
ခန့်မှန်းရလဒ်
- အာဆင်နယ် ၁-၁ စပါး