• မွေးနေ့မှာ မိဘနှစ်ပါးနဲ့ အတူတူ ရှိခွင့်ရလို့ ပျော်နေတဲ့ အိမ့်ချစ်

ဒီနေ့လေးက အိမ့်ချစ်ရဲ့ မွေးနေ့ပါ။

အဆိုတော် အိမ့်ချစ်က မွေးနေ့မှာ အမေနဲ့ရော အဖေနဲ့ပါ အတူတူ ရှိခွင့်ရခဲ့တဲ့အတွက် ပျော်လို့နေပါတယ်။ဒီနှ်စ်မွေးနေ့လေးက သူမအတွက် ကံကောင်းတဲ့ နေ့လေးဖြစ်တယ်တဲ့။

image

ဒီနေ့(မတ်လ၃၁ရက်)က အဆိုတော် အိမ့်ချစ်ရဲ့မွေးနေ့လေးဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးက သူမအတွက် ကံကောင်းတဲ့ မွေးနေ့လေးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ကံကောင်းတဲ့မွေးနေ့လေးပါပဲ အမေရော အဖေရောနဲ့ တစ်မြို့ထဲမှာပွဲတူလို့ တူတူရှိခွင့်ရတယ် အရမ်းပျော်တယ်” ဆိုပြီး မတ်လ(၃၁) ရက်နေ့က အိမ့်ချစ်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

အိမ့်ချစ်ဟာ မိခင်နဲ့အတူ ရိုက်ထားတဲ့ ပုံလေးနဲ့ ဖခင်ဦးချစ်ကောင်းနဲ့အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကိုလည်း သူမကဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။

Photo : အိမ့်ချစ်

အိမ့်ချစ်ဟာ ဒီနှစ် သူမရဲ့ မွေးနေ့အမှတ်တရအနေနဲ့ မိဘမဲ့ကလေးလေးတွေကို ကလေးကွင်းလိုက်ပို့ပေးတဲ့အစီအစဉ်ကိုလည်း သင်္ကြန်ပြီးရင် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

“ဒီနှစ်အတွက် မိဘမဲ့ကလေးတွေကို ကစားကွင်းပို့မယ့် အစီအစဉ်က April လထဲမှ ဖြစ်ပါတော့မယ်။ သင်္ကြန်အပြီးလေးပေါ့ အလှူထဲမှာအားလုံးပါဝင်လို့ရအောင်လဲ စီစဉ်ပေးပါမယ်။ အသေးစိတ်ကိုပြန်ပြောပေးမယ်နော်” ဆိုပြီး အိမ့်ချစ်ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ 

Photo : အိမ့်ချစ်

အိမ့်ချစ်ဟာ မွေးနေ့တိုင်းမှာ မွေးနေ့ပွဲ မလုပ်ဖြစ်ပေမယ့် မွေးနေ့အလှူကိုတော့ နှစ်တိုင်းဆိုသလို လုပ်လေ့ရှိပါတယ်။ မိဘမဲ့ကလေးကျောင်းတွေ၊ စိတ္တဇဆေးရုံမှာ လှူဒါန်းတာမျိုးတွေ လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

Photo : အိမ့်ချစ်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့အလုပ်တစ်ခု ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က