ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဝီဖရိုက်ဒ်ဇာဟာ ဟာ ပဲလေ့စ် အမျိုးသမီးအသင်းအတွက် များပြားတဲ့ ငွေကြေးတစ်ရပ်ကို လှူဒါန်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇာဟာရဲ့ လှူဒါန်းမှုကို ပဲလေ့စ်အမျိုးသမီးအသင်းက အတည်ပြုကြေငြာခဲ့ပြီး ဇာဟာဟာ အမျိုးသမီးအသင်းက ကစားသမားတွေ ရှေ့ဆက်နိုင်အောင် ကူညီပေးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
Photo : 90 min
ပဲလေ့စ်အမျိုးသမီးအသင်းသားတွေဟာ အသင်းမှာ ဆက်လက်ကစားနိုင်ဖို့အတွက် တစ်ဦးကို ပေါင် ၂၅၀စီ အသင်းကို ပြန်လည်ပေးဆောင် နေရတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို မီဒီယာများက ဖော်ပြခဲ့ပြီးနောက်မှာ ဇာဟာက အမျိုးသမီးအသင်းသားတွေ အဆင်ပြေစေဖို့ အတွက် ငွေကြေးပမာဏတစ်ခုကို လှူဒါန်းသွားခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောသား၊ ကျောင်းသား၊ ဖူဆယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒိန်းမတ်လက်ရွေးစင်အသင်း
Photo : 90 min
"ဇာဟာက အသင်းကို ဆက်သွယ်ခဲ့ပြီးနောက် ဘဏ္ဍာရေးလည်ပတ်နိုင်စေဖို့အတွက် ထောက်ပံ့ပေးသွားခဲ့ပါတယ်၊ ဒါဟာ အသင်းက အပျော်တမ်းကစားသမားတွေအတွက်တော့ တိုးတက်မှုရှိလာဖို့ သူ့ရဲ့ အားပေးကူညီမှုတစ်ခုပါပဲ" လို့ အမျိုးသမီးအသင်းက ကြေငြာစာ ထုတ်ပြန်ပြီး ဇာဟာကို ချီးကျူးသွားခဲ့ပါတယ်။
Photo : The Guardian
ပဲလေ့စ်အမျိုးသမီးအသင်းက ကစားသမားတွေဟာ အသင်းမှာ ကစားနိုင်ဖို့အတွက် ငွေကြေးပေးချေနေရပြီး အသင်းကို တစ်စိတ်တစ်ပိုင်း ကူညီပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းသားတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေဟာလည်း စုံလင်မှုမရှိဘူးလို့ သိရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
Photo : cpfc.co.uk
ဇာဟာကတော့ ပဲလေ့စ်အသင်းနဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းသုံးသောင်းရှိတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ သမိုင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းမှာ (၂)နှစ်ကြာ ကစားခဲ့ပြီး ကစားသမားဘ၀ မအောင်မြင်ခဲ့ပေမယ့် ဇာဟာဟာ ပဲလေ့စ်မှာ ခြေစွမ်းပြ ကစားနေခဲ့သူ ဖြစ်ပါတယ်။
Photo : Zaha Facebook
အသက် (၁၂)နှစ် အရွယ်ကတည်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ဇာဟာက ရောက်ရှိခဲ့တာဖြစ်ပြိး အသက် (၁၇)နှစ်မှာပဲ အသင်းကြီးအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဇာဟာကို မန်ယူအသင်းက ခေါ်ယူခဲ့ပြီးနောက် ဇာဟာဟာ (၂)နှစ် အကြာမှာပဲ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။