နောက်ဆုံး ၁၈ ကြိမ်တွေ့ဆုံထားရာမှာတော့ အာဆင်နယ်အသင်းက ၁၂ ကြိမ်နိုင်ပြီး ၄ပွဲသရေကျထားကာ အဲဗာတန်အသင်းက ၂ ပွဲသာ အနိုင် ရထားပါတယ်။
Photo - Tribuna.com
အာဆင်နယ်အသင်းကတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ အဲဗာတန်အသင်းကို အိမ်ကွင်း လက်ခံကစားမှာ ဖြစ်ပြီး နိုင်ပွဲရဖို့ အထူး လိုအပ်နေပါတယ်။
စပါးမှာဆက်ရှိဖို့ ကတိပေးလိုက်တဲ့ ဆွန်ဟောင်မင်
အာဆင်နယ်အသင်းအနေနဲ့ အဲဗာတန်အသင်းကို ၁၉၉၆ ခုနှစ်က ၂-၁ ဂိုးနဲ့ ရှုံးနိမ့်အပြီး ယနေ့အချိန်ထိ လုံး၀ မရှုံးတော့ပဲ ၂၀ ပွဲနိုင် ၄ ပွဲသရေ ကစားထားတဲ့ အိမ်ကွင်းစံချိန်ကောင်းရှိပါတယ်။
Photo - Extra.ie
နောက်ဆုံးအကြိမ်တွေ့ဆုံထားမှုကို ပြန်ကြည့်မယ်ဆိုရင်လည်း အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ၅-၁ ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုုင်ရထား တာကြောင့် အစဉ်အလာအားဖြင့်လည်း အာဆင်နယ်အသင်းက သာပါတယ်။
တစ်ခုရှိတာက အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်း အီးမရိတ်မှာ နိုင်ပွဲပျောက်ဆုံးမှု အများဆုံး အသင်းအဖြစ်လည်း အခြားတွေထက် ပိုပြီးများ နေတာကြောင့် အိမ်ကွင်းမှာ ရလဒ်တွေ ကမောက်ကမ ဖြစ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။
Photo - 90Min
အခြားတစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ စက်တင်ဘာလထဲမှာ ကစားတဲ့ ကစားပွဲတွေဆိုရင် အခြားအသင်းတွေထက် ရမှတ်ပိုမိုရရှိ အောင် စွမ်းဆောင်ထားနိုင်ပြီး ၁၉၉ မှတ်ထိ ရယူထားနိုင်ပါတယ်။
ဒါကြောင့် အားသာချက် အားနည်းချက် ကိုယ်စီနဲ့ အာဆင်နယ်အသင်းကို နည်းပြသစ် အူနိုင်း ဘယ်လို အကောင်းဆုံး ထိန်းကျောင်းနိုင်မလဲဆို တာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Photo - RealSport
တစ်ဖက်က ပြိုင်ဖက် အဲဗာတန်အသင်းကတော့ ဒီနှစ်မှာ ခြေစွမ်းပိုင်း မတည်ငြိမ်သေးပဲ တစ်ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
နှစ်သင်းစလုံးမှာတော့ ဒဏ်ရာရစာရင်း များပြားနေပြီး အာဆင်နယ်အသင်းမှာ နောက်ခံလူ ကိုစီရယ်နီကိုလာစီနက်၊မစ်ရယ်နိုင်း၊ဂျက်ကင်ဆင်တို့ ဒဏ်ရာတွေရရှိနေသလို၊အဲဗာတန်အသင်းမှာဆိုရင်လည်း ယာရီ မီနာ၊ဂျာဂျီရယ်ကာ၊ဂိုမက်ဇ်၊ကိုးလ်မန်းတို့ ဒဏ်ရာကိုယ်စီရှိနေကြပါတယ်။
နှစ်သင်း နောက်ဆုံး ၁၈ ကြိမ် ထိပ်တိုက်တွေ့ဆုံထားမှုကို ကြည့်မယ်ဆိုရင်လည်း အာဆင်နယ်အသင်းက ၁၂ ပွဲနိုင် ၄ ပွဲသရေကစားထားပြီး ၂ ပွဲသာ အဲဗာတန်အသင်းက နိုင်ထားလို့ အာဆင်နယ်အသင်းက တွေ့ဆုံမှုမှာလည်း ပြတ်ပြတ်သားသား အသာစီးယူထားတာ တွေ့ရမှာပါ။
ဒီပွဲစဉ်ကိုတော့ အင်္ဂလန်နိုင်ငံရဲ့ အားကစား ခန့်မှန်းသူ မာဆန်ကတော့ အာဆင်နယ်အသင်းကသာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူသွားမယ်လို့ ခန့်မှန်း ထားလို့ ဘယ်လောက်ထိ မှန်ကန်နိုင်မလဲ ည ၉ နာရီခွဲမှာ စောင့်ကြည့်ကြပါစို့။
Share