မန်ယူနိုက်တက်နဲ့အာဆင်နယ်ဆိုတာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ဘက်တွေအဖြစ်လက်ခံထားခဲ့ကြတာပါ။ ၁၉၉၂မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲ ခဲ့ပြီးတဲ့နောက်ချန်ပီယံဆုအတွက်အဓိကပြို င်ဘက်တွေအဖြစ်ရှိခဲ့တဲ့ အသင်းနှစ်သင်းဟာ လက်ရှိအချိန်မှာလည်း အစဉ်အလာတွေအတိုင်း ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းရောက်ရှိ ရလဒ်ကောင်းဖို့ရုန်းကန်ရလေ့ရှိတဲ့ အာဆင်နယ်အနေနဲ့ဒ ဏ်ရာရကစားသမားများပြားနေတဲ့ ယူနိုက်တက်ကို အသာစီးရယူနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ နည်းပြဆိုးလ်ရှားနဲ့ ယူနိုင်းအမ်မရီတို့ရဲ့ အိုးထရက်ဖို့ဒ်တိုက်ပွဲမှာ ဘယ်အသင်းအသာရမလဲဆိုတာကို ဒီကနေ့ ည၊ အင်္ဂါနံနက်အစောပိုင်းပွဲစဉ်မှာ ဆက်ပြီးစောင့်ကြည့်ရဖို့ပဲ ရှိနေပါတော့တယ် . . .။
မန်ချက်စတာယူနိုက်တက် Vs အာဆင်နယ်
ထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂-၀ မန်ချက်စတာယူနိုက်တက်
အာဆင်နယ် ၁-၃ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၂-၂ အာဆင်နယ်
မန်ချက်စတာယူနိုက်တက် ၂-၁ အာဆင်နယ်
အာဆင်နယ် ၁-၃ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
ဝက်စ်ဟမ်း ၂-၀ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၁-၀ လက်စတာ
ဆောက်သမ်တန် ၁-၁ မန်ချက်စတာယူနိုက်တက်
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
အာဆင်နယ် ၃-၂ အက်စတွန်ဗီလာ
ဝက်ဖို့ဒ် ၂-၂ အာဆင်နယ်
အာဆင်နယ် ၂-၂ စပါး
နှစ်ဖက်အသင်းသတင်းများ
- မန်ယူနိုက်တက်အနေနဲ့ ဒဏ်ရာရကစားသမားများပြားနေပြီး ပေါ့ဘာ၊ လုခ်ရှောတို့မှာလည်း ပွဲကစားဖို့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေ။
- လာကာဇက်မပါဝင်နိုင်တဲ့ အာဆင်နယ်တိုက်စစ်ကို အူဘာမီယန်နဲ့ပီပီတို့ဦးဆောင်လာဖို့ရှိနေပြီး ၄-၂-၃-၁ နဲ့ပွဲထွက်လာနိုင်ချေရှိ။
- မာရှယ်လ်၊ ရက်ချ်ဖို့ဒ်တို့နှစ်ဦးလုံးပါဝင်ဖို့မရှိတဲ့ ယူနိုက်တက်တိုက်စစ်မှာ ဂရင်းဝုဒ်၊ ဂျိမ်းစ်၊ မာတာတို့ကို နည်းပြဆိုးလ်ရှားအသုံးပြုဖို့ရှိနေ။
- အာဆင်နယ်အနေနဲ့ ကြားရက်ခါရာဘောင်ပွဲမှာ လူငယ်အများစုကို ပွဲထွက်ခဲ့တဲ့အတွက် အဓိက,ကစား သမားအားလုံး ကြံ့ခိုင်မှုအပြည့်ရှိနေခဲ့။
ပွဲကြိုအချက်အလက်
- အစဉ်အလာအရ ပြိုင်ပွဲစုံနောက်ဆုံး ၁၈၉ပွဲကစားထားရာမှာ မန်ချက်စတာယူနိုက်တက်က ၈၁ ကြိမ်နိုင် ၄၄ကြိမ်သရေကျထားခဲ့ပြီး အာဆင်နယ်က ၆၄ပွဲအနိုင်ရထား။
- ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားရာတွင် မန်ချက်စတာယူနိုက်တက်အနေနဲ့ ၃ပွဲနိုင် ၂ပွဲရှုံး ၁ပွဲသရေရ လဒ်ရရှိထားပြီး ၅ဂိုးသွင်း ၅ဂိုးပြန်ပေးထားရ။
- အာဆင်နယ်အနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၃ပွဲနိုင် ၂ပွဲသရေ ၁ပွဲရှုံးရလဒ်ရရှိထားပြီး ၁၆ဂိုးသွင်း၊ ၉ ဂိုးပြန်ပေးထားခဲ့။
- မန်ချက်စတာယူနိုက်တက်အနေနဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ပရီးမီးယားလိဂ် ၁၂ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၈ပွဲနိုင် ၄ပွဲသရေကျထားခဲ့။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဒဏ်ရာရ/ပွဲပယ်
မန်ချက်စတာယူနိုက်တက် - ဘိုင်လီ၊ ဖိုဆူမန်ဆက်ချ်၊ မာရှယ်လ်၊ ရက်ချ်ဖို့ဒ်၊ ဒါလော့တ်၊ အိန်ဂျယ်ဂိုမက်စ်၊ ပေါ့ဘာ၊ လုခ်ရှော(ကြံ့ခိုင်မှုမပြည့်ဝ)
အာဆင်နယ် - ရိုဝီ၊ လာကာဇက်၊ ဘယ်လာရင်။
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်
အာဆင်နယ်အနေနဲ့ ပုံစံကောင်းအချို့ပြန်ရနေခြင်းနဲ့အတူ ရလဒ်ကောင်းတွေပြန်ရနေတယ်။ အမှတ်ပေးဇယား ထိပ်ကို ပြန်ရောက်ဖို့ ပိုပြီးအားစိုက်နေတယ်။ ယူနိုက်တက်ကတော့ ပြောင်းပြန်လို့ပြောလို့ရတယ်။ ဒဏ်ရာရက စားသမားများပြားနေလို့ အခက်တွေ့နေသလို တိုက်စစ်က ရုန်းကန်နေရတယ်။
ခန့်မှန်းရလဒ် - မန်ချက်စတာယူနိုက်တက် ၁-၁ အာဆင်နယ်