ဆောက်သမ်တန်နဲ့ချဲလ်ဆီးတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈အဖြစ်ရင်ဆိုင်ကစားကြမှာပါ။

ပုံစံကောင်းရနေတဲ့ချဲလ်ဆီးအသင်းရဲ့အခြေအနေက အိမ်ရှင်အသင်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာပါ။ တစ်ပွဲချင်း တစ်ပွဲချင်းကစားပုံကောင်းလာတဲ့ ချဲလ်ဆီးရဲ့အခြေအနေ က အသင်းတိုင်းကိုစိန်ခေါ်နိုင်တယ်လို့ဆို နိုင်ပေမယ့် ခံစစ်ကတော့ လိုအပ်ချက်ရှိနေဆဲပါပဲ။ ဆောက်သမ်တန်ကတော့ တိုက်စစ်ကစားသမားကောင်းမရှိ ခြင်းနဲ့အတူ တိုက်စစ်က ဂိုး တစ်ဂိုးရဖို့ကို ရုန်းကန်နေရဆဲပါ။ အပြန်အလှန်သွင်းဂိုးဆိုတာ ချဲလ်ဆီးရဲ့တစ်ဖက်သ ပ်သွင်းဂိုးတွေကို ပိုပြီးမြင်တွေ့ရလေ့ရှိတဲ့ အစဉ်အလာကို ထပ်ပြီးမြင်တွေ့ခွင့်ရဦးမလားဆိုတာ ကတော့ . . .။

ဆောက်သမ်တန် Vs ချဲလ်ဆီး

ထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီး ဝ-၀ ဆောက်သမ်တန်

ဆောက်သမ်တန် ဝ-၃ ချဲလ်ဆီး

ချဲလ်ဆီး ၂-၀ ဆောက်သမ်တန်

ဆောက်သမ်တန် ၂-၃ ချဲလ်ဆီး

ချဲလ်ဆီး ၁-၀ ဆောက်သမ်တန်

ဆောက်သမ်တန်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

စပါး ၂-၁ ဆောက်သမ်တန်

ဆောက်သမ်တန် ၁-၃ ဘုန်းမောက်

ရှက်ဖီးလ်ယူနိုက်တက် ဝ-၁ ဆောက်သမ်တန်

ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ချဲလ်ဆီး ၂-၀ ဘရိုက်တန်

ချဲလ်ဆီး ၁-၂ လီဗာပူး

ဝုလ်ဗာဟမ်တန် ၂-၅ ချဲလ်ဆီး



နှစ်ဖက်အသင်းသတင်းများ

  • ဆောက်သမ်တန်ရဲ့ ဒဏ်ရာရစာရင်းမှာ အဓိက,ကစားသမားအများစုမပါဝင်ပေမယ့် ကြံ့ခိုင်မှုပိုင်းလိုအ ပ်ချက်ရှိသူများပြားနေ။
  • ချဲလ်ဆီးကတော့ လော့ဖ်တပ်ချိဖ်၊ အီမာဆန်၊ ရူဒီဂါတို့ကလွဲပြီး ကျန်ကစားသမားအားလုံးဒဏ်ရာပြဿ နာကင်းနေခဲ့။
  • စပါးအသင်းကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်က လူစာရင်းတိုင်း ဆောက်သမ်တန်တို့ပွဲထွက်လာနိုင်ပြီး ရက်မွန့်ဒ်နဲ့ ဒန်နီအင့်စ်တို့ဦးဆောင်လာနိုင်။
  • ၄-၃-၃၊ ၄-၄-၂ ကစားကွက်ကို အလျင်းသင့်သလိုအသုံးပြုနေတဲ့ ချဲလ်ဆီးတိုက်စစ်ကို အေဘရာဟင်၊ဝီ လျံ၊ ပက်ဒရိုတို့ပဲ ဦးဆောင်လာဖွယ်ရှိနေ။


ပွဲကြိုအချက်အလက်

  • -ဆောက်သမ်တန်အနေနဲ့ နောက်ဆုံး ၆ပွဲမှာ ၃ပွဲနိုင် ၂ပွဲရှုံး ၁ပွဲသရေရလဒ်ရရှိထားပြီး ၉ဂိုးသွင်း ၅ဂိုးပြန်  ပေးထားရ။
  • အစဉ်အလာအရနောက်ဆုံး ၇၄ကြိမ်ထိပ်တိုက်တွေ့ဆုံမှု ဆောက်သမ်တန်က ၁၉ကြိမ်နိုင်၁၉ကြိမ်သရေ ကျထားပြီး ချဲလ်ဆီးက ၃၆ကြိမ်အနိုင်ရရှိထားခဲ့။
  • ချဲလ်ဆီးအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၄ပွဲနိုင် ၂ပွဲရှုံးထားပြီး ၁၇ဂိုးသွင်းထားပြီး ၇ဂိုးပြန်ပေးထားရ။
  • ဆောက်သမ်တန်အနေနဲ့ ချဲလ်ဆီးကိုရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၅ပွဲအထိ ရှိနေ။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

ဆောက်သမ်တန်- ဂျီနီပို၊ ဆီဒရစ်၊ မက်ကာသီ။

ချဲလ်ဆီး          - လော့ဖ်တပ်ချိဖ်၊ ရူဒီဂါ၊ အီမာဆန်။

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

ချဲလ်ဆီးကတော့ ပုံစံကောင်းအစစ်အမှန်ကိုရနေပြီလို့ ဆိုရမှာပါ။ လမ်းပတ်အနေနဲ့ကလည်း လမ်းကြောင်းမှန်အ ပေါ်ရောက်နေခဲ့ပါပြီ။ ဆောက်သမ်တန်ကတော့ အိမ်ကွင်းမာတယ်ဆိုပေမယ့် တိုက်စစ်ပိုင်းကတော့အားရစရာမ ရှိသေးတာတော့အမှန်ပါ။

ခန့်မှန်းရလဒ်    - ဆောက်သမ်တန် ၁-၂ ချဲလ်ဆီး

Share

Loading Next Article...
က္က