Photo: ဝေမင်းမောင်
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များစွာကို မြင်တွေ့ရမယ့် ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မေလအတွင်းမှာ ရိုက်ကူးသွားမယ်လို့ 7th Sense Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။
‘’၂၀၁၉ မေလ တွင် စတင်ရိုက်ကူးမည့် ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ဇာတ်ကားကြီး တွင် ပါဝင်ကြမည့် သရုပ်ဆောင်များ နေတိုး၊ ဇင်ဝိုင်း၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး၊ ခင်သဇင်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုတော့ မိုးနီလွင်က ရေးသားထားတာဖြစ်ပြီး ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်’’ ဆိုပြီးတော့ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲကျော်က ရေးသားခဲ့တာ တွေ့ရပါတယ်။
Photo: ဝေမင်းမောင်
‘’ အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ထုတ်လုပ်မယ့် 7th Sense Film Production ဟာ နေတိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ ၂ နှစ်တာ စာချုပ်ချုပ်ထားတဲ့ ရုပ်ရှင်ကုမ္ပဏီဖြစ်ပါတယ်။ နေတိုးဟာ အဆိုပါ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ‘’ တိမ်တိုက်တံတား’’ ၊ ‘’ မုန်းစွဲ’’၊ ‘’မဟူရာ ရုပ်ရှင်ရုံ’’ စတဲ့ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးထားပါတယ်။
Photo: ဝေမင်းမောင်
7th Sense Film Production က ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ ‘’မုန်းစွဲ’’၊ ‘’တိမ်တိုက်တံတား’’၊ ‘’ရန်သူ’’၊ ‘’ကိုယ်စောင့်နတ်’’ စတဲ့ ရုပ်ရှင်ဇတ်ကားကြီးတွေဟာ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာလည်း တွေ့ရပါတယ်။