• ပျော်နေပါ သီချင်းနဲ့ ဆုရရှိလာတဲ့ ကောင်းကောင်း

ဝမ်းသာလို့နေပါတယ်။

အဆိုတော် ကောင်းကောင်းကတော့ ပျော်နေပါ သီချင်းလေးနဲ့ Shwe FM Facebook Page ကနေ သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသား အဆိုတော် ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

image

Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံးဆုကိုတော့ အဆိုတော် ကောင်းကောင်းက ဆုရရှိသွားပြီဖြစ်ပါတယ်။ ဒီဆုကတော့ ပျော်နေပါ သီချင်း နဲ့ရရှိခဲ့တာပါ။

‘’ ကျွန်တော် နှလုံးတုန်နေပါပြီ။ အရမ်းပဲ ဝမ်းသာပါတယ်။ ကျွန်တော့်ကို မွေးထုတ်ပေးတဲ့ မိဘတွေကိုကျေးဇူးတင်ပါတယ်။ ဂီတ သက်တမ်း ၁၃ နှစ်ရှိပါပြီ။ ဒီလိုဆု တစ်ခါမှ မရဖူးဘူး။ ဒီသီချင်းကို ရေးပေးတဲ့ ကိုဆုကို ကျေးဇူးတင်ပါတယ်’’ လို့ သူကဆိုပါတယ်။

image

အဆိုတော် ကောင်းကောင်းဟာ လက်ရှိမှာ သူချစ်ရတဲ့ ဇနီးလေးနဲ့ အတူ အိုမဟာလို့ ခေါ်တဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းအသစ်တွေ ဖန်တီးနေပါတယ်တဲ့။ သူ့ရဲ့ သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ ‘’ပျော်နေပါ’’ သီချင်းလေးကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။သူဟာ ဂီတအလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတယ်လို့ သိရပါတယ်။ ကောင်းကောင်းဟာ ၂၀၀၈ ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီး ရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

Share

Duwun on Youtube
>
Loading Next Article...
က္က