• ပေါ့ဂ်ဘာအတွက် မန်ချက်စတာယူနိုက်တက်ကို သွေးတိုးစမ်းလိုက်တဲ့ ဘာစီလိုနာ

ကစားသမားနှစ်ဦး+ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာအတွက် ကစားသမား (၂)ဦးအပြင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ချက်ချင်းဆိုသလို ငြင်းဆန်မှု ပြုလုပ်သွားခဲ့ပါတယ်။

image

Photo : Sportsbible

 

ယယ်ရီမီနာ နဲ့ အန်ဒရီဂိုမက်စ်တို့ ကစားသမား (၂)ဦးကို ဘာစီလိုနာက အလိုက်ပေး ကမ်းလှမ်းခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာအတွက် ဒီလိုကမ်းလှမ်းမှုဟာ လုံလောက်မှုမရှိဘူးလို့ ယူဆခဲ့ပြီး ငြင်းဆန်ခဲ့တာ ဖြစ်တယ်လို့ Gianluca Di Marzio က ရေးသားဖော်ပြ ခဲ့ပါတယ်။ ပေါ့ဂ်ဘာအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကတော့ တော်တော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆိုခဲ့တဲ့ ကစားသမား 

Photo : Sportsbible

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူ၊ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့တဲ့ ပေါ့ဂ်ဘာအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်မှာ မော်ရင်ဟိုရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး နည်းပြဖြစ်သူနဲ့ ပေါ့ဂ်ဘာဟာ အဆင်မပြေမှုတွေ ရှိတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Photo : Barca Blaugranes

 

ပေါ့ဂ်ဘာရဲ့ အေးဂျင့်ဖြစ်သူ မီနိုရွိုင်အိုလာဟာ ဘာစီလိုနာအသင်းထံ ပေါ့ဂ်ဘာကို အရောက်ပို့ဆောင်ဖို့ အားထုတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ အင်နီယေစတာ၊ ပေါ်လင်ဟိုတို့ အသင်းက ထွက်ခွာသွားပြီးနောက်မှာ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဗီဒယ်ကို ခေါ်ယူခဲ့ပြီး ဖြစ်ပေမယ့် ပေါ့ဂ်ဘာကို ထပ်မံခေါ်ယူဖို့ အားထုတ်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Photo: Quartz

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို ၂၀၁၅ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၈၉သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုအပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က