ယုံကြည်ချက်ရှိတဲ့ကစားသမားလို့ ပြောကြားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နောက်ခံကစားသမား ဒန်းနစ်အာဝင်ဟာ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး အဲရစ်ကန်တိုနာနဲ့ တူတယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

လူအများစုအတွက် ပေါ့ဂ်ဘာရဲ့ပင်နယ်တီကန်သွင်းပုံအပေါ် ပြောစရာတွေများစွာဖြစ်ခဲ့ပြီး ဘောလုံးကို မကန်မီ တစ်လှမ်းချင်းစီ အကြိမ်ပေါင်းများစွာလှမ်းတဲ့ပုံစံနဲ့ ပင်နယ်တီကန်သွင်းယူတာဟာ ပေါ့ဂ်ဘာရဲ့စတိုင်လ်တစ်ခု ဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ဒန်းနစ်အာဝင်က ပေါ့ဂ်ဘာရဲ့ ပင်နယ်တီနည်းစနစ်ဟာ ၎င်းလုံးဝအသုံးပြုမှာမဟုတ်တဲ့ နည်းစနစ်ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် ပေါ့ဂ်ဘာရဲ့ ကန်တိုနာလိုမျိုး ယုံကြည်ချက်က ၁၂ ကိုက်အကွာကနေ ကန်သွင်းရတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောမှာ ယင်းနည်းစနစ်က အဆုံးသတ်နိုင်အောင် ကူညီပေးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ကတော့ အဲဒီလို မလုပ်ချင်ပါဘူး”

“သူက ယုံကြည်မှုရှိတဲ့လူတစ်ယောက်ပါ။ သူ အဲဒီလိုကန်ပြီး ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပါတယ်။ ခင်ဗျား တစ်စုံတယောက်ကို လှည့်စားဖို့ ကြိုတင်ပြင်ဆင်လာခဲ့ပြီး လွဲချော်သွားခဲ့မယ်ဆိုရင် ခင်ဗျား နည်းနည်းတော့ စိတ်ပျက်သွားမယ်ထင်ပါတယ်။ ဒါပေမယ့် သူက သူ့ကိုယ်သူ ယုံကြည်ချက်ရှိခဲ့တယ်။ ဘရိုက်တန်နဲ့ပွဲစဉ်မှာ သူ သွင်းယူခဲ့တဲ့ဂိုးက အရမ်းကောင်းတယ်။ ပင်နယ်တီသွင်းဂိုးက အရမ်းကောင်းတယ်”

“ကျွန်တော့်တစ်ဦးတည်းသဘောအရဆိုရင် အဲဒီလို ပင်နယ်တီကို ကန်သွင်းမှာမဟုတ်ပါဘူး။ ကျွန်တော့်ခေါင်းကို အောက်ကို ငုံ့ထားပြီး ကန်သွင်းမှာပါ။ ဒါပေမယ့် အားလုံးမှာက သူတို့ရဲ့ကိုယ်ပိုင် နည်းစနစ်ရှိကြတာပဲ”

“အလန်ရှီးယားရားမှာလည်း သူ့ရဲ့နည်းစနစ်ရှိပြီး သူက အရမ်းတော်တဲ့ ပင်နယ်တီကန်သွင်းသူပါ”

“အဲရစ်ကန်တိုနာကလည်း နောက်ဆုံးမိနစ်တိုင်တဲ့အထိ စောင့်ဆိုင်းဖို့ သူ့ရဲ့အရည်အချင်းပေါ်မှာ ကြီးမားတဲ့ယုံကြည်ချက်ရှိပါတယ်။ပေါလ်က အဲရစ်နဲ့ နည်းနည်းတူပါတယ်။ အမှန်တကယ်တူတာပါ”

“အဲရစ်က သူ့ရဲ့ ပင်နယ်တီ ၁၇ လုံးမှာ ၁၆ လုံးလောက် ဂိုးသမားကို မှားယွင်းတဲ့ဘက်ကို ပို့နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ နောက်ဆုံးအချိန်စက္ကန့်အနည်းငယ်လောက်အထိ အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုး သွင်းယူနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ယုံကြည်စိတ်ချမှုအများကြီး ရှိခဲ့လို့ပါ။ ပေါလ်ကလည်း အဲဒီလိုမျိုး နည်းနည်းတူတယ်လို့ ကျွန်တော် ထင်ပါတယ်”

“သူတို့က ပြင်သစ်တွေလေ။ အဲဒီအတိုင်းပဲ ဖြစ်မှာပေါ့”လို့ Manchester Evening News ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က