နည်းပြအဖွဲ့ဝင်ဟောင်း မြူလန်စတင်းက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ မန်ယူအတွက် သွင်းဂိုး ၁၅၅ဂိုးအထိ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ ကျေညက်ပြီး ဘောလုံးပေးပို့မှုတွေမှာ တိကျလွန်းတာကြောင့် ပေါလ်စခိုးဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ပေါလ်စခိုးဟာ ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။

Photo : Sportbible

 

ဒါပေမယ့်လည်း ၂၀၁၂ခုနှစ်အစောပိုင်းမှာတော့ အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် မန်ချက်စတာစီးတီး နဲ့ မန်ချက်စတာယူနိုက်တက်တို့ ရင်ဆိုင်ရမယ့်အချိန်မှာ မန်ယူအသင်းရဲ့ ကစားသမားစာရင်းကို ဒဏ်ရာရကစားသမား များပြားနေမှုက ထိုးနှက်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဟာ ဒီအချိန်မှာ အသင်းအတွက် ပြန်လည်ကူညီပေးဖို့ မြက်ခင်းစိမ်းတွေပေါ်ကို တကျော့ပြန်ခြေချလာခဲ့ပြီး မန်ယူအတွက် ပြန်လည်ကစားပေးခဲ့ပါတယ်။

မော်ရင်ဟိုဘက်က ကာကွယ်ရပ်တည်ပေးခဲ့တဲ့ လူကာကူ 

Photo : These Football Times

 

ပေါလ်စခိုးလ်အနားယူသွားချိန်မှာတော့ မန်ယူနည်းပြကြီး ဖာဂူဆန်ဟာ စခိုးလ်ရဲ့ နေရာကို အစားထိုးဖို့အတွက် ကစားသမားတွေ ရှာဖွေနေခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂျာမနီကစားသမားတွေဖြစ်တဲ့ ဂန်ဒိုဂန်ကို အသင်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်း မူလန်စတင်းက Evening Standard ကို ဖွင့်ဟပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

 

မန်ယူအသင်းဟာ ဂန်ဒိုဂန် နဲ့ မာကိုရူးစ်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့ပြီး ပေါလ်စခိုးလ်ရဲ့နေရာကို အစားထိုးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ "အဲဒီတုန်းက ဒေါ့မွန်ကစားသမားတွေဖြစ်တဲ့ ဂန်ဒိုဂန် နဲ့ မာကိုရူးစ်တို့ကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့တာပါ၊ အထူးသဖြင့် ဂန်ဒိုဂန်ပေါ့၊သူက ပေါလ်စခိုးလ်လို ကစားသမားမျိုးပါပဲ"

Photo : 101 great goal

"ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်ပြီး ပွဲရဲ့ အရှိန်အဟုန်ကို အတင်အချပြုလုပ်ရမှာ ထူးချွန်သူပါ" လို့ မြူလန်စတင်းက ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းဟာ ဂန်ဒိုဂန်ကို မခေါ်ယူနိုင်ခဲ့ပဲ နောက်တစ်နှစ်မှာတော့ ဖာဂူဆန်ဟာလည်း မန်ချက်စတာယူနိုက်တက် အသင်းနည်းပြအဖြစ်ကနေ အနားယူသွားခဲ့ပါတယ်။

Photo : Sportbible

 

ဂန်ဒိုဂန်ကတော့ လက်ရှိမှာ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက်အသင်း မန်စီးတီးမှာ လာရောက်ကစားနေပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဂန်ဒိုဂန်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။

Share

Loading Next Article...
က္က